Part -14

169 27 2
                                    

မေမေတို့ဆီသွားမယ်ဆိုတော့ ဟန်ဘင်း နည်းနည်း မျက်နှာပူမိသလို။ မက်ချူးက ဘာစိတ်မှ မရှိတာ အရေးမကြီးဘူး။ သူက အကြီးမလား။ အိမ်ကလူတွေနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရပါ့။ ဘာပဲဖြစ်ဖြစ် နောက်ဆိုသတိထားပြီး ဆင်ခြင်မှ။

ကော်လံတောင်မပါတဲ့ လက်ရှည်အင်္ကျီလေးပဲ ၀တ်ပြီး ထွက်လာတဲ့ မက်ချူးကြောင့် ဟန်ဘင်း ပိုလန့်ရတယ်။ မက်ချူးကို ချော့ပြီး အင်္ကျီ လဲခိုင်မလို့ လုပ်တုန်း

"ဟင် ချက်ချင်းကြီး ပျောက်သွားအောင် ဘယ်လို လုပ်လိုက်တာလဲ"

"ဟပ်ချလောင်း လုပ်လိုက်တာ။  ကိုကို ဟာရော လုပ်ပေးမယ် လာ"

အခန်းထဲကို ဆွဲခေါ်သွားတဲ့ မက်ချူးနောက်ကို လိုက်ခဲ့တော့

"အာ မိတ်ကပ်နဲ့"

"အင်း စောစောက မိတ်ကပ်အစ်မဆီ လှမ်းမေးလိုက်တာ"

"အင်း'

သူ့ဘာသာသူ လုပ်ပေးတဲ့ မိတ်ကပ်ကို သူ့ဘာသာပဲ သဘောကျကာ

"အိုင်ဒေါမလုပ်ပဲ Makeup artist တောင်လုပ်လို့ရတယ်နော် ကိုကို"

"ဟင်"

ချက်ချင်း စုလုံးလာတဲ့ နှုတ်ခမ်းကြောင့်

"ဝါး မိုက်တယ်။ အံ့ဩလွန်းလို့ ဘာပြောရမှန်းမသိတော့ဘူး"

"ကျွန်တော် တော်တယ်မလား ကိုကို"

"ဝါး တော်လိုက်တာ"

တော်ပါတယ်ဆိုတော့လည်း မျက်စောင်းထိုးခံရသေးတယ်။ ဘာပဲဖြစ်ဖြစ် မက်ချူး ကျေးဇူးကြောင့် အိမ်အပြန် မျက်နှာ ပူစရာမလိုတော့။

အရင်က ခဏခဏ အိမ်ပြန်ကြတယ်။ မက်ချူးက သူချက်ပေးတဲ့ ဟင်းတွေ မကြိုက်တိုင်းလည်း အိမ်ပြန်ကြတာရှိသလို မက်ချူးမရှိချိန် ဟန်ဘင်းတစ်ယောက်တည်း ပြန်တာလည်းရှိတယ်။

"ဟာ ကိုကိုတို့ လာပြီ"

ကားရပ်တာကို မြင်ကတည်းက ပြေးထွက်လာတာမို့ ဟန်ဘင်း အိမ်ထဲမ၀င်ခင် အာရွမ်းက ထွက်လာပြီးသားပင်။ အိမ်အပေါက်၀မှာတွေ့တဲ့ အစ်ကိုကိုတောင် သေချာမနှုတ်ဆက်ဘဲ မက်ချူး အိမ်ဘက်ကိုပဲ ပြေးတာတန်းနေတာမို့

Part of my every breath Where stories live. Discover now