လမ်းမပေါ်မှာ Santa Feများမြင်မိရင် ကျွန်တော့်မှာရူးမတတ်ပါပဲ။ဘာလို့ဆို လမ်းခွဲခဲ့တဲ့ ချစ်ရသူရဲ့ကားက Santa Feလေ...။တိတိကျကျပြောရရင် ကျောင်းကအသိစီနီယာရဲ့ကားပေါ့။သူက ကျွန်တော့ထက် တစ်နှစ်စောတော့ သူကJR ကျွန်တော်က Sophomoreပေါ့။ကျောင်းပထမဆုံးနေ့မှာတွေ့ပြီး ရင်းနှီးခဲ့ပေမဲ့ တကယ်ကို တွေ့တွေ့ချင်းရင်ခုန်သွားလိမ့်မယ်လို့တွေးတောင်မတွေးခဲ့မိရိုးအမှန်ပါ။ပထမကကျောင်းတူဦးတေ့ာ မေဂျာတော့ကွာမယ်ထင်ပေမဲ့ ဒရမ်မာဆန်စွာပဲကျွန်တော်နဲ့သူက တစ်မေဂျာထဲကျနေခဲ့တယ်လေ။ကျွန်တော်သဘောကျတဲ့ ပေါင်းသင်းရလွယ်တဲ့ကာရိုက်တာ၊ တောင့်တင်းတဲ့ခန္တာကိုယ်၊ ပြုံးလိုက်ရင်ပေါ်လာတတ်တဲ့ သွားထပ်လေး၊တစ်ခါတစ်လေ ခန္ဓာကိုယ်နဲ့မှမလိုက်မဖက်ထွက်လာတတ်တဲ့ ချစ်ဖို့ကောင်းတဲ့အပြုအမူလေးတွေထိ တကယ် သူ့ရဲ့အရာအားလုံးကို အများကြီးသဘောကျခဲ့တာပါ။ဒါပေမဲ့ straightတစ်ယောက်ကိုကြိုက်မိရင် ဘယ်လိုဇာတ်သိမ်းရမယ်ဆိုတာ စစ်မှုထမ်းတုန်းကအတွေ့အကြုံရခံစားဖူးနေတာကြောင့် ကျွန်တော့်ဖက်ကနေပြီး ခပ်ဝေးဝေးနေခဲ့ပါတယ်။တခါတလေ ကျောင်းကလမ်းမှာတွေ့မိရင်တော့ တမင်တကာမနှုတ်ဆက်ပဲနေတာတို့ ၊ အတန်းထဲအကြာကြီးမနေတာတို့လုပ်ပြီး အများကြီးရှောင်ခဲ့တာပေါ့။ ဘာလို့ဆို ကျွန်တော်ပြောသလိုပဲ စစ်မှုထမ်းတုန်းက သဘောကျခဲ့တဲ့သူနဲ့လည်း ရှေ့ဆက်လျှောက်ဖို့ခက်ခဲခဲ့ဖူးတာမို့ ဒီထက်ပိုပြီးခံစားချက်တွေကြီးမားမလာခင် ရှောင်သင့်တယ်ထငိလို့ပါ။
နောက်ကျ Hyungနဲ့ကျွန်တော်က team projectမှာအတူတူကျတော့ အတူတူပြင်ဆင်ရင်းနဲ့ပဲရင်းနှီးလာခဲ့တာပေါ့။ကျွန်တော်တမင်တကာရှောင်နေတာကိုHyungက "အစက အေးစက်တဲ့သူလို့ထင်နေတာ ဒါပေမဲ့သိလာတော့ မင်းကသဘောကောင်းသားပဲ"တဲ့။Hyungအိမ်ကကျောင်းနဲ့ဝေးပြီး ကျွန်တော့်အိမ်နဲ့ကနီးတော့ ကျွန်တော့အိမ်က ကျောင်းနဲ့နီးတာသိပြီးနောက်ပိုင်း ကျွန်တော့အိမ်ကိုခဏခဏလာလည်တော့တာပဲ။
Hyungလာလည်မယ်ကြားတာနဲ့ အိမ်ကိုကြိုးစားပမ်းစားသန့်ရှင်းရေးတွေလုပ် air fresher တွေဖြန်း၊စျေးတွေသွားဝယ်နဲ့ အလုပ်တွေရှုပ်တော့တာပဲ ကျွန်တော်ဘယ်လောက်တောင် သန့်သန့်ရှင်းရှင်းနေတတ်လဲဆိုတာပြချင်တာကိုး။လာလည်ပြီဆို ထမင်းအတူတူစားမယ်၊ရုပ်ရှင်ကြည့်မယ်၊စျေးဝယ်ထွက်ရင်နောက်ကနေHyungကလိုက်လာပေးမယ်၊ ကျောင်းပြီးလို့ သူငယ်ချင်းတွေနဲ့အရက်သောက်ပြီးရင် ကျွန်တော့်အိမ်မှာလာအိပ်ပြီဆိုရင် မျက်နှာကို maskလေးကပ်ပေးလိုက်၊နားလေးနှိုက်ပေးလိုက်နဲ့ တကယ် အိမ်မက်မက်နေသလိုပါပဲ။ကျွန်တော်လိုချင်တဲ့ ပြီးပြည့်စုံတဲ့အမျိုးသားနဲ့ ပြီးပြည့်စုံတဲ့relationshipတစ်ခုကို ပိုင်ဆိုေနရသလိုပါပဲ။ အိပ်နေတဲ့အချိန်မှာ ရင်ခုန်လွန်းလို့ အိပ်မပျော်ပေမဲ့ ကျွန်တော့်ဘေးကနေသူဟောက်နေတာကို ထိုင်ကြည့်နေရတာလေးတောင် အရမ်းသဘောကျခဲ့တာပါ။တစ်ခါတစ်လေ ကျွန်တော်က သူ့ဇနီးမယား ဖြစ်သွားတဲ့ခံစားချက်မျိုးလည်းရသေးတာ။
YOU ARE READING
Youngjay's MIDNIGHT RADIO STORIES
FanfictionYoutuber Youngjay ရဲ့ ယူကျူ့ ရေဒီယိုကိုပေးပို့တဲ့ real life boyslove stories တွေထဲက သဘောကျမိတဲ့ အပိုင်းလေးတွေ မျှဝေပေးချင်တာလည်းပါသလို စာရေးရတဲ့ passionလေးလည်းပြန်ရှာချင်လို့ ရေးမိတဲ့ ဘာသာပြန်လေးပါ ။