အသက် ၂၀။
လူ့ဘဝ စတင်ပြီလို့ ပြောလို့ရတဲ့ အချိန်များလား
သိသိသာသာ ပြောင်းလဲမှုတွေ စတင်လာတာတော့ အမှန်ပဲပေါ့။
အရင်က ကော်ဖီဆို အနံ့တောင် မခံနိုင်ပေမဲ့ အခုရက်ပိုင်း တစ်နေ့တစ်ခွက် ပုံမှန် သောက်ဖြစ်လာတယ်။
အရင်က ဆံပင်အရှည်ကြီးထားဖို့ အိမ်မက်တွေ မက်ခဲ့ပေမဲ့ အခုတော့ ပုခုံးကျော်ရုံ ဆံပင်တိုလေးကိုပဲ နှစ်သက်လာတယ်
အရင်က မိုးရွာတာကို ထိုင်ပါငိုချင်လောက်အောင် မုန်းတီးခဲ့ပေမဲ့ အခု မိုးရာသီရဲ့ အရသာကို နှစ်သက်လာတယ်
အိမ်အကြီးကြီး ကားအကြီးကြီးတွေ ပိုင်ဆိုင်ချင်ခဲ့ပေမဲ့ အခုတော့ သစ်ပင်နံ့နဲ့ သဘာဝလေကို ခံစားရတဲ့ တောတန်းလေးထဲက အိမ်မှာပဲ နေချင်လာတယ်
အရင်က သဘောမကျခဲ့တဲ့ အဖွဲ့ရဲ့ သီချင်းတွေကိုလဲ နားထောင်တတ်လာပြီး ဂါဝန်လေးတွေလဲ ဝတ်တတ်လာတယ်
အရင်က အရမ်း တွယ်တာတတ်ပြီး လူတွေအများကြီးဆီက အချစ်ခံရဖို့ မျှော်လင့်ပေမဲ့ အခု ရှိတာကိုပဲ ရောင့်ရဲပြီး သီးသန့်နေချင်လာတယ်
ပြီးတော့ အချစ်ဆိုတာကိုလဲ ကောင်းကောင်း နားလည်လာပြီး တစ်ခါမှ အိမ်မက်မမက်ခဲ့ဖူးတဲ့ Type မျိုးကို ရူးရူးမူးမူး စွဲလန်းလာခဲ့တယ်
#Tulip
13.11.2023