၁.

136 17 3
                                    

တကူးတက မေ့ယူထားတဲ့အမှတ်တ‌ရတွေပါ အချစ်
ပြောမပြဖြစ်ခဲ့တာတွေလဲ ရှိမယ် အပြောမတတ်ခဲ့တာတွေလဲရှိမှာပါ။ လွမ်းတယ် အချစ်ရယ်
ပြန်မလိုချင်လောက်အောင်ထိကို လွမ်းတယ်

ဆေးလိပ်တွေဟာ ဒီမိန်းကလေးကြောင့်စိတ်တွေဝေ‌ဝါးရတိုင်း  လီဆာ ရွေးချယ်မိခဲ့တာဖြစ်သည်။ဘ၀ ရဲ့ ပထမဆုံးသော အမှတ်တရတွေ ဟာ သူမနဲ့ ဖြတ်သန်းခဲ့တာ ဖြစ်ပီး တခုတ်တရမှတ်ညဏ်တွေမှာလဲ သူမအကြောင်းသည်သာ စွဲထင်လျက်။။

အသက်အရွယ် 30 ဆိုတာ ရင့်ကျက်သင့်သည်မလား။ဘယ်အရာမဆို မာနကို ရှေ့တန်းတင်နေတဲ့ လာလီဆာမာနိုဘန် ဟာ
မိန်းကလေး တစ်ယောက်ဆီမှာ တေ့ာ ဘာအဖိုးတန်ရတနာမှ
ဟုတ်မနေခဲ့ဖူးထင်ပါရဲ့။"နင် က အလိုလိုက် တာကိုး "ဆိုတဲ့စကားဟာ နာကြင်ရလွန်းလို့ ရင်ဖွင့်ရဲစရာ သူငယ်ချင်းလို့ပင် ရှိဟန်မတူ။ တကယ်လဲ သူတို့တားနေသည့်ကြားက ချစ်ခဲ့တာ။

"မမလေး မိုးတွေရွာလာတေ့ာမှာမို့ သခင်မကြီးက
ခေါ်ခိုင်းလိုက်ပါတယ်"
ခေါင်မိုးထပ်ပေါ်က တစစီပြန့်ကြဲနေတဲ့ ပန်းအိုးကွဲစ‌ကြား အရူးတစ်ယောက်လို အရက်ပြင်းနဲ့ဝိုင်တွေ သောက်ကာ မူးနေခဲ့။စိတ်တိုသည့်အခါ သို့မဟုတ် စိတ်မကျေနပ်သည့်အခါတိုင်း
လီဆာ လုပ်နေကျဖဲမို့ အထွေထူး လုပ်ပီး မားသားကြီးက
ဆူမနေခဲ့။

"အင်း ငါ့အခန်းထဲကို ရွေ့လိုက် ဒီဝိုင်ပုလင်းကို သေချာ ကိုင်နော် မကွဲစေနဲ့"

ဆိုးလ်မြို့ရဲ့ အထီးကျန်စရာ ပုံမှန်နေ့လေးကို ဖြတ်သန်းနေရင်းက  အမှတ်မထင်  မျက်၀န်းငြိုးငယ်နေတာလေး
ကိုတွေ့ကာ  ရင်တစ်ခုလုံး ‌ဗြောင်းဆန်သွားခဲ့ရတာ။

"ဘာလို့လဲ  ဘာလို့လဲကွယ် ပျော်မယ်ထင်လို့ ကျောခိုင်းပီးတောင်ထွက်သွားခဲ့တဲ့ ရင်ခွင်ဖဲဟာ ပျော်အောင်နေရမှာပေါ့"

မျက်ရည်စတွေဟာ ဘာ‌အကြောင်းအရင်းကြောင့်ကျနေခဲ့တာလဲ မသိတေ့ာ။ ဘယ် ရထားမှာလွဲခဲ့ လဲ မသိတဲ့ အချိန်တွေ။
အလျေ့ာပေးလက်စ နဲ့ ပေးလိုက်တာ မဟုတ်ဖဲ တစ်ခါတေ့ာ မာနရှိကြောင်း ပြသင့်တယ်လို့ တွေးမိတဲ့ အခိုက်အတန့်ကြောင့်လား။ဘာ‌အကြောင်းကြောင့်ဖြစ်ဖြစ် ဝေးခဲ့ရတာတေ့ာ အသေအချာ။
ကလေးပိစိကွေးလေးလို ဖြူစင်တဲ့အပြုံးလေးတွေမှာ
လူသတ်လက်နက်တွေ  ရှိခဲ့တယ် ထင်ပါရဲ့။ မေ့မရ မုန်းမရ အသိညဏ်တွေထဲဆီ ပြန်ရောက်ရင်း ဒီည မှာ အိမ်မက်ရှည်တွေမဆုံးနိုင်တေ့ာ။။။။

လက်ရှိအချိန်ကာလ

Cloud Company ရဲ့ CEO လာလီဆာမာနိုဘယ်လ်

ခန့်ညားမှုကြောင့်ကော ပြတ်သားမှုကြောင့် ပါ နာမည်ကြီးပြီး
အောင်မြင်မှု အပြည့်အ၀ရ နေခြင်းဖြစ်သည်။

"ဘာများ ကညီပေးရပါမလဲရှင်"

"လီဆာ နဲ့ တွေ့ချင်လို့ (Sorry) CEO လာလီဆာနဲ့
တွေ့ချင်လို့"

"Appointment များ ယူထားသေးလားရှင်"

"အ့ာလိုတေ့ာ ယူမထားမိဖူး ဒါပေမဲ့ ချယ်ယောင်း လို့ပြော
ပေးပါ့လား"

"ဟုတ်ကဲ့ အကြောင်းကြားပေးပါ့မယ်ရှင် အခု သူဠေး က Meeting တစ်ခုကြောင့် ညီမ အဆက်သွယ် လုပ်ဖို့
အဆင်မပြေသေးတာမို့ နားလည်ပေးပါအုန်းရှင့် ခဏလောက် ဧည့်တွေ့ခုံမှာ ထိုင်ပေးပါအုန်းနော် "

"ဟုတ်ကဲ့ "

မိနစ် ၂၀ခန့် စောင့်အပီး

"ချယ်ယောင်း ရား sorry ဟာ  ငါနောက်ကျသွားတယ်"

"ရပါတယ် CEOကြီးရယ် နားလည်ပေးရမှာပေါ့"

"တစ်နေရာရာ သွားရအောင် ခဏလေးနော်"
.....
" နေ့ခင်း Appointment ထဲက Jonနဲ့ Mano ကို
ဖုန်းဆက်ပီး  ပြော‌ထားပေး  ငါအရေးကြီးကိစ္စရှိလို့ ဆိုတာကို။
စိတ်မဆိုးဖို့ပါ ထည့်ပြောလိုက်အုန်း"

"ဟုတ်ကဲ့ရှင့်"
......






Give Your Story A TitleWhere stories live. Discover now