41

66 3 0
                                    

သူများအတွဲကိုကူညီပေးတာတစ်မျိုးတော့ပျော်စရာကောင်းသား
ကိုယ့်ကြောင့်ပေါင်းဖက်သွားမှာပါလားဆိုတဲ့အသိက ကြည်နူးမှုကိုဖြစ်ပေါ်စေတယ်

သူများကိုကူညီတာကတော့ဟုတ်ပါပြီ 
ငါ့တွက်ကျတော့ရော  
တကယ်ချစ်ပါတယ်လို့ထင်ရတဲ့ Jung kook ကိုတောင်  တကယ်မချစ်ခဲ့ဘူးဆိုတာသိခဲ့တော့  ငါ့မှာအချစ်စစ်ရောရှိရဲ့လားလို့ပြန်ဆန်းစစ်ရတော့မလိုတောင်ဖြစ်သွားတယ် 

ဟုတ်တယ်  အဲ့တုန်းက သူ့ကိုချစ်တယ်လို့ထင်ခဲ့တာ တကယ်တမ်းလမ်းခွဲဖို့ဖြစ်လာတော့ စိတ်မကောင်းလေးတောင်မဖြစ်မိ  အသည်းကွဲဖို့ဆိုဝေးသေး 
ခံရခက်တာဘဲဖြစ်ခဲ့တာ ဘာလို့ဆို သူကလဲ playခဲ့တာလို့သိရတဲ့အတွက်ကြောင့်
ထားဖူးသမျှရည်းစားတိုင်းက သူ့ကိုတကယ်ချစ်ခဲ့တာကိုမှ သူ့ဘက်ကဘဲplayခဲ့ပြီးအနိုင်ယူခဲ့တာမို့ နည်းနည်းလေးခံရခက်ခဲ့တာ

သူလိုက်ပို့ပေးတဲ့တောက်လျှောက်လဲ
ဒီအကြောင်းဘဲတွေးနေခဲ့တာ
အိမ်နားရောက်ခါနီးမှ အဲ့ကောင်အရူးထတဲ့ထဲကိုယ်ပါထပ်ပါရပြန်တယ်
Taeကိုအောက်ကနေလှမ်းတွေ့တာနဲ့ 
အပြင်ထွက်ဖို့ပြင်နေတဲ့ jimin ကိုလှမ်းဆွဲကာ

  Jk .     Jimin ကျနော့်ကိုချစ်ခဲ့လား

ချစ်ခဲ့လားတဲ့  ဘာပြောရမှန်းတောင်မသိ
လမ်းခွဲစကားအပြောခံရပေမယ့်
အသည်းကွဲပါတယ်လို့ပြောရလောက်အောင်လဲ နည်းနည်းမှမခံစားရ
အသည်းမကွဲဘူးဆိုမှတော့အစထဲကမချစ်လို့ဘဲပေါ့

Jimin . ငါဒီတိုင်းတွဲချင်ရုံသက်သက်ဘဲ
စိတ်ခံစားချက်က အဲ့လောက်မရှိဘူး
ငါထင်ခဲ့တာ ဒီလိုနေ့ရောက်ရင် ငါအသေခံစားရမယ်ပေါ့
ခုတော့ပြန် play ခံလိုက်ရလို့  ခံရခက်တာလွဲရင် ဘားမှထပ်မရှိဘူး

Jk . ကောင်းတာပေါ့  ကျနော့်ကြောင့်မခံစားရဘူးဆိုတော့ 
ဒါဆို အပစ်လုပ်ခဲ့တာတော့သိမှာပေါ့

Jimin . ဘာလဲ မင်းလဲတူတူဘဲလေ
ဘဲစားဘဲကျေဘဲ

Jk . ဟုတ်ပါပြီ  ဒါနဲ့ ခုနကပြောခဲ့တာမှတ်မိလား taeကကျနော့်ကိုမချစ်ဘူးဆိုတာကိုလေ 

Jimin . သူသာချစ်ရင် မင်းကိုငါ့လက်ထဲမထည့်ဘူး

Jk . ထင်လို့ သူကျနော့်ကိုချစ်တယ်
ကျနော် ခံစားလို့ရတယ်

FOR YOU Where stories live. Discover now