🍀1🍀

1.4K 80 5
                                    


Unicode

" ရာဇသွင်ထူး!! "

" ဗျာ..အဘ "

" မင်းကလာမယ့်နှစ်ဆယ်တန်းဆိုတာမမေ့နဲ့။ မင်းကိုကြည့်လိုက်တိုင်း စာလုပ်တာကိုမတွေ့ဘူး "

" အဘကလည်းဗျာ..အခုမှကိုးတန်းစာမေးပွဲဖြေပြီးတာနှစ်လတောင်မပြည့်သေးဘူး။ ခဏခဏပွားနေတော့တာပဲ "

" လူကြီးကိုပြန်ခံမပြောနဲ့ "

" ................ "

" မနက်ဖြန်မနက်တို့ရွာကို ကိုဖိုးမောင်ရဲ့သားမင်းမဟော်သောင်းဆိုတဲ့လူလေးလာလိမ့်မယ်။ မင်းရဲ့ညစ်ပတ်ရှုပ်ပွနေတဲ့ အခန်းကိုရှင်းထားစမ်း "

" ဟာ..အဘကလည်းဗျာ..ရှုပ်ရှုပ်ယှက်ယှက်..အဲ့ကိုဖိုးမောင်ဆိုတဲ့ လူကြီးရဲ့သားကို မြင်မှမမြင်ဖူးတာ။ ဘာလို့အခန်းရှင်းထားရမှာလဲ။ ဧည့်သည်ဆိုလည်းဘုရားစင်ရှေ့အိပ်ခိုင်းပါလား "

" အထွန့်မတက်နဲ့..ငါစကားတွေအများကြီးမပြောချင်ဘူး။ ထိပ်တုံးစာမိသွားချင်လားပြောစမ်း "

အဘဆိုသည်မှာလည်း ရွာသူကြီးဆိုတဲ့အာဏာနဲ့ တစ်ခုခုဆိုအဲ့ထိပ်တုံးနဲ့ပဲလူကိုခြိမ်းခြောက်နေတော့တာဘဲ။

" ဟင့်အင်းအဘ "

အဘပြောတဲ့ ကိုဖိုးမောင်ဆိုတဲ့လူကြီးရဲ့နာမည်ကိုတော့အဘခဏခဏပြောပြလို့ရင်းနှီးနေပေမယ့် အဲဒီဦးဖိုးမောင်ဆိုတဲ့သားမင်းမဟော်သောင်းဆိုတဲ့လူကြီးက ကျွန်တော်တို့ရွာကို ဘာလုပ်ဖို့လာတာလဲမသိ။ မဟော်သဓာဆိုလည်းမဟော်သဓာလိုရှစ်တန်းမြန်မာစာဖတ်စာအုပ်ထဲအေးဆေးနေပါ့လား။ ဘယ့်နှယ့်သူများရွာအထိနယ်မြေကျော်မယ့်အပြင် သူများအခန်းကိုတောင် သူစက်တော်ခေါ်ဖို့အတွက်နဲ့ရှင်းပေးထားရဦးမယ်ဆိုပါလား။ လာပါစေဦး..ရာဇသွင်ထူးဘာကောင်လဲသိသွားအောင်လုပ်ပစ်ဦးမယ်။

.................

" ကိုမျိုးမောင်..အကိုတို့သားအဖနှစ်ယောက်မနေ့က အားချင်းစီစဥ်လိုက်တဲ့ကိစ္စကိုဖြူသိတယ်နော်။ ဘာကိစ္စဖြူကို မပြောမဆိုနဲ့အခုလိုတဇွတ်ထိုးစီစဥ်ရတာလဲ "

" ဖြူရယ်..ဖြူကိုကြိုပြီးပြောပြလိုက်ရင် ဖြူကသားလေးရွာသွားပြီးကျောင်းဆရာသွားလုပ်မယ့် ကိစ္စမှာဝင်တားကောင်းတားနိုင်တယ်လေ။ အဲဒါကြောင့်ကိုယ်ကမပြောပြဖြစ်ခဲ့တာပါ "

ပန်းပျိုးသောလက်ကလေး >🌼<Where stories live. Discover now