[Uni]

1.4K 107 10
                                    

"ငါ့လက်ကိုလွှတ်စမ်း နီရှီမူရာ'

ဂျယ်ယွန်း ရဲ့ခပ်မာမာစကားကြောင့်
တစ်ဖက်က နီရှီမူရာကပိုပြီး
စိတ်တိုသွားရသည်။

"ဒီတစ်ခေါက်လည်းဒီနေရာမှာနေပြီး
ဘာလုပ်ဦးမလို့လဲ'

အပြစ်ကင်းစင်တဲ့ပင်လယ်ဘက်ကို
လက်ညှိုးငေါက်ငေါက်ထိုးပြပြီး
မေးခွန်းတစ်ခုကို ဂျယ်ယွန်းကို
မေးလာပြန်သည်။

ဂျယ်ယွန်း မျက်ရည်တွေဝဲတက်လာပြီး
ထိုမေးခွန်းကိုမဖြေဘဲ ပင်လယ်ဘက်ကိုသာ
အကြည့်ပို့‌မိသည်။

"ဂျယ်ယွန်း ကျွန်တော့်ကိုကြည့်!'

ပင်လယ်ဘက်လှည့်ကြည့်နေတဲ့ ဂျယ်ယွန်းရဲ့
မျက်နှာကို နီရှီမူရာကစိတ်တိုတိုနဲ့သူ့ဘက်
ဆွဲလှည့်ပြီးအော်ပြောသည်။

လူတစ်ချို့ကသူတို့ကိုကွက်ကြည့် ကွက်ကြည့်နဲ့။
ဂျယ်ယွန်း ဖြင့်ရှက်လိုက်တာ။

"အဲ့တာ The Seabox စာရေးဆရာ
မို့လား ? ရှင်းမ်ဂျယ်ယွန်း'

Jeju ကိုလာကြတဲ့ ခရီးသည်အချို့က
ဂျယ်ယွန်းကိုသိသည်ထင်ပါ့။

"ဆက်မပြောနဲ့ အိမ်ထဲလိုက်ခဲ့တော့'

နီရှီမူရာရဲ့လက်ကိုဆွဲပြီး ဂျယ်ယွန်း
သူ့အိမ်ထဲသို့ခေါ်လာလိုက်သည်။

နာမည်ကြီးစာရေးဆရာတစ်‌ယောက်ဖြစ်တာမို့
ရုန်းရင်းခန်ဆတ်အခြေအနေတွေကမကြာခင်
အွန်လိုင်း ပေါ်ရောက်သွားမှာကို ဂျယ်ယွန်း
မလိုလားလို့ပေ။

"အခုလိုမျိုးခေါ်လာရင် ပြီးနေတဲ့ကိစ္စကို'

နီရှီမူရာက ဆိုဖာပေါ်ထိုင်ပြီး
ဂျယ်ယွန်းကို ကြည့်ပြီးလှောင်သလိုမျိုး
ပြောသည်။ သဘောက မနိုင်ဘူးမို့လား
ဆိုသည့် သဘော။

ဂျယ်ယွန်း လက်ထဲကိုင်ထားတဲ့ရေဘူးကို
ခပ်ကျစ်ကျစ် ကိုင်ထားမိသည်။

"ဘာလို့ဘာမှပြန်မဖြေတာလဲ ဂျယ်ယွန်း ?
စာရေးဆရာတစ်ယောက်လုပ်နေပြီး
ကျွန်တော့်ကို စကားလုံးလှလှလေးတွေနဲ့
ဆင်ခြေပေးပါဦး ဒီနေရာမှာလာနေနေရတဲ့
အကြောင်းအရင်းကို'

ဂျယ်ယွန်းရဲ့အကျင့်တစ်ခု။
ဒေါသကို စကားကြမ်းကြမ်းတွေနဲ့
မတုံ့ပြန်စေဖို့ လက်ထဲကရေဗူးကိုပဲ
ဖွင့်သောက်နေလိုက်တယ်။

𝖣𝗈𝗆𝗂𝗇𝗎𝗌 𝖭𝗂𝗌𝗁𝗂𝗆𝗎𝗋𝖺 ( 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 )Where stories live. Discover now