အချစ်ရဲ့အပြစ် - ဇာတ်သိမ်းပိုင်း

14.5K 310 38
                                    

အချစ်ရဲ့အပြစ် (၂၅) - ဇာတ်သိမ်း
လက်ျာ ပြန်သွားတော့ ဝမ်းမနည်းဘူးလို့စိတ်တင်းထားပေမယ့်လည်း မသိစိတ်ထဲမှာတော့ စိတ်ထဲနာကျင်လို့နေသည်။ ကိုယ့်အမှားပါလို့ စိတ်ကိုပြန်ဖြေနေရသည်။ ဒီလို ဒဏ်ရာခဏခဏပေးသူကိုပဲ မျှော်လင့်ချက်အနည်းငယ်ထားမိသွားတာမဟုတ်လား။ အဓိက ကတော့ သမီးလေးနဲ့သားလေးပါပဲ။ သားလေးက ဘာမှမမေးပေမယ့် သိချင်နေမှန်းသိသာသည်။ သမီးလေး ကတောာ့
"ဖာက နိုးနိုးတို့ဆီပြန်လာမှာသေချာလား မွိုး"
" မေမေသေချာမပြောတတ်ပေမယ့် သမီးတို့ ပါပါးကအလုပ်များနေတော့ အလုပ်ကိစ္စတွေပြီးမှဆိုတော့ ကြာချင်ကြာမယ် နိုးနိုးက မမျှော်နဲ့နော်"
အရိပ်အကဲနားလည်သဘောပေါက်လွယ်တော့ လက်ျာထွက်သွားပြီး တပတ်အကြာမှာတော့ သူမတို့ သားအမိတတွေက အရင်အတိုင်းပုံမှန်ဖြစ်သွားပါသည်။ လက်ျာက သူမရင်ထဲမှာသာ အနှစ်အတော်ကြာနေရာယူထားနိုင်ပေမယ့် ကလေးတွေနဲ့ကျ အချိန်အကြာကြီးမနေခဲ့ကြ။ ဒါကြောင့် အဖေဆိုတာကို လိုချင်ကြပေမယ့် အထွေအထူးတော့မမေးမြန်းကြတော့ပေ။ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်မှာပါလေ။ ဒီမှာက တောင်သူတွေဖြစ်ပြီး တစ်ဦးကိုတစ်ဦးဝိုင်းဝန်းစောင့်ရှောက်ကြတာမို့ နွေးထွေးပြီး ပျော်စရာကောင်းပါသည်။  
ပအိုဝ်းလွယ်အိတ်ကိုယ်စီလွယ်ကာ ကျောင်းပြန်ဖွင့်ပြီမို့ ထမင်းဘူးလေးတွေကိုယ်စီကိုင်ကာ ထွက်သွားတဲ့ ကလေးနှစ်ယောက်ကိုကြည့်ပြီး ရွက်ဝေ စိတ်ချမ်းသာစွာပြုံးမိလိုက်သည်။ မလိုတော့ပါဘူးလေ ဘဝမှာ သားနဲ့သမီးသာ အခရာမို့ သူတို့လေးတွေစိတ်ချမ်းသာစေပျော်ရွှင်စေမယ့်အရာတွေပဲလုပ်ပေးချင်တော့သည်။ ရွက်ဝေပေးသမျှ ချစ်သမျှတွေက ကလေးတွေအတွက် အနာတရဖြစ်တာမျိုး အပြစ်ဖြစ်တာမျိုး လုံးဝမရှိစေရ။ မရှိရဘူးလို့လဲ တထစ်ချယုံကြည်နေမိသည်။ မိသားစုဆိုတာမျိုး သိုက်သိုက်ဝန်းဝန်းမရှိစေသော်ငြား သေချာချစ်ပေးနိုင်သည့် ရွက်ဝေလိုမိခင်ရှိသည်။ အဘွားလိုချစ်ပေးနေသည့် အဘွားနန်းခေါင် ကြောင့်လဲ ဘိုးဘွားကန်တော့ပွဲတွေဆို အဘွားနန်းခေါင်က ရှေ့ဆုံးကနေ ကလေးတွေအတွက် လာပေးသည်မဟုတ်လား။
ရွက်ဝေလည်း ဒီနေ့ ပန်းချီတန်းမရှိတာမို့ ဒေါ်နန်းခေါင်ရဲ့ မုန့်ညှင်းခင်းကို ကူရိတ်သိမ်းပေးရန် ထွက်လာလေတော့သည်။
......................................................................
လက်ျာ ရန်ကုန်ကိုအပြန်လမ်းမှာတင် သားနှင့်သမီးကိုလွမ်းနေလေပြီ။
ရန်ကုန်ရောက်ပြန်တော့ သူရဲ့အစီအစဉ်တွေချဖို့ အလုပ်တွေပြတ်အောင် အရင်ရှင်းရပြန်သေးသည်။
လိုတာထက်ပိုကြာခဲ့သော ခရီးကြောင့် ရန်ကုန်မှာအခြေချမည့် လုပ်ငန်းတွေအနည်းငယ်တော့ နှောင့်နှေးကုန်သည်။ ဒါကြောင့် သူ့အတွက် လက်ထောင်လုပ်နိုင်မယ့် အင်ဂျင်နီယာတစ်ယောက် ခန့်ဖို့အရင်စီစဉ်ရပြန်သည်။ အဲ့ဒီအချိန်အတွင်းမှာပဲ အရင်ကသမီးလေးတစ်နှစ်ပြည့်တုန်းကဝယ်ပေးထားတဲ့ ကွန်ဒိုကိုပြန်ရောင်းပြီး ဗဟန်းထဲမှာ ခြံတခုဝယ်လိုက်သည်။ သူတို့မိသားစုအတွက် အိမ်ကို သူကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ဆောက်ဖို့ ပြင်ရပြန်သည်။
လိုအပ်သော လက်ထောက်အင်ဂျင်နီယာရပြီးသည်နှင့် သူ့အိမ်အတွက်ဒီဇိုင်းဆွဲလိုက်သည်။ ဆွဲရင်း သတိရမိသည်က ကလေးတွေအတွက် ကလေးတွေရောဘယ်လိုပုံစံကြိုက်သည် ဘယ်လိုနေချင်လဲ မေးပြီး အေးဆေးဆွဲမည်ဟုစဉ်းစားလိုက်၏။ အလုပ်တွေအားလုံးနေကျသည်နှင့် သူတို့အရင်နေခဲ့သည် မြို့လေးကို ပြန်သွားလိုက်သည်။ ရွက်ဝေနှင့်အတူတွေ့ရသည့် ဓာတ်ပုံထဲကယောကျာ်းကို အရင်ရှာပြီး ကိစ္စရှင်းဖို့လုပ်ရမည်လေ။
.............................................
လက်ျာ အရင်အိမ်ဟောင်းလေးကို မလာခင်ထဲက ရှင်းခိုင်းထားလို့ ခြံထဲမှာ ပေါင်းပင်တွေမရှိပဲ ရှင်းလင်းနေလေ၏။ အရင်က ရွက်ဝေ အချိန်ဖြုန်းနေကျ ပန်းခြံပန်းပင်လေးတွေမရှိတောာ့ ခြံဝန်းက ပိုကျယ်သယောင်ထင်ရသည်။ အိမ်ထဲမှာလည်း‌ သန့်ရှင်းရေးလုပ်ခိုင်းထားလို့ မွှေးပျံနေလေ၏။ ရွက်ဝေအကြိုက်ဆုံးမီးဖိုခန်းလေး ။ ပိုင်ရှင်မဲ့နေတဲ့အခန်းလေးကိုကြည့်ရင်း အရင်ကတလှုပ်လှုပ်နဲ့ ချက်ပြုတ်ဖို့ အလုပ်ရှုပ်နေတတ်သော ရွက်ဝေကိုသတိရမိလေသည်။ ပစ္စည်းတွေအားလုံးကတော့နေရာတကျပင်ရှိနေလေ၏။
အပေါ်ထပ်ကိုတက်လိုက်တော့ နှစ်ယောက်အိပ်ကုတင်ကြီး၊ ဗီယိုကိုဖွင့်ကြည့်လိုက်တော့ ဂါဝန်အမျိုးမျိုးနဲ့ဒေါက်ဖိနပ်အမျိုးမျိုးကိုတွေ့လေသည်။ ဒါတွေ ငွေရောင့်အတွက်ဆိုပြီး သူဝယ်ခဲ့တာတွေ အရင်အတိုင်းပဲ။ သူက ပစ်လို့မပြောခဲ့သလို ရွက်ဝေကလည်းတချက်မှ ထိကြည့်ခဲ့ဟန်မတူပေ။ မီးခံသေတ္တာကိုဖွင့်ကြည့်ပြန်တော့လည်း ငွေရောင်အတွက် ရည်ရွယ်ပြီး ဝယ်ခဲ့သော လက်ဝတ်ရတနာတွေကလည်း အရေအတွက်မလျော့ရှိနေပြန်၏။ မာနမသေးခဲ့သော ရွက်ဝေကိုစိတ်ထဲ ပထမဆုံး အထင်ကြီးမိသွားသည်။ တချိန်ထဲ သူမအတွက် စိတ်မကောင်းဖြစ်ရပြန်သေးသည်။
သူကလည်းမကြည်ဖြူ မိခင်ကလည်း အသိအမှတ်မပြုနဲ့ ရွက်ဝေခမျာ တစ်ယောက်ထဲ ဘယ်လိုစိတ်နဲ့သူ့အနားနေခဲ့ပါလိမ့်။ တကယ်တမ်းတွေးကြည့်မှ သူရွက်ဝေအစားရင်နာမိလေသည်။
ရုတ်တရပ် သူ တွေးမိသွားသည်က ရွက်ဝေအပေါ်ခံစားချက်တွေများရှိနေပြီလား။
.............................................................
"ဒေါ်ဦး "
အောက်ထပ်မှာ အိမ်သန့်ရှင်းရေးလုပ်နေသည့်ဒေါ်ဦးကိုခေါ်လိုက်ပြီး
" ဒီဂါဝန်နဲ့ဖိနပ်တွေလိုချင်တဲ့သူကို ဒေါ်ဦးပေးလိုက်ပါ"

အချစ်ရဲ့အပြစ်Where stories live. Discover now