Mafia's In Love
ဆေးလိပ်ငွေ့များသည် မြတ်၏ မျက်နှာထက် ရိုက်ခတ်လာသည့်အခါတွင်တော့ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပါ။" ဆေးလိပ်သောက်တာ ရပ်ပေးလို့ရမလားခင်ဗျ"
ယဉ်ကျေးစွာ ပြောဆိုနေခဲ့ပေမယ့် ထိုလူက လုံးဝလှည့်မကြည့် သည့်အပြင် နောက်ထပ် တစ်လိပ်ကိုပင် ထပ်ထုတ်ကာ မီးညှိနေလေသည်။မြတ်သည် စိတ်ညစ်ရသည့်အထဲ ဒီလူ၏ မသိတတ်မှုကြောင့် ပို၍စိတ်ရှုပ်ရပါသည်။
နေရာကလဲ ကျဉ်းကျပ်နေသည့်အပြင် ထိုလူ၏ စူးရှလှသည့် ကိုယ်သင်းနံ့ကြောင့် ခေါင်းပါမူးလာရ၏။
ဒီနေရာကို ရောက်နေရခြင်းမှာ ထက်ကောင်းဆက်၏ မကောင်းမှုကြောင့်ဖြစ်၏။ သူတို့ ကားပြိုင်မောင်းသော နေရာသို့ မြတ်ကို အတင်းချောဆွဲခေါ်ဆောင်လာပြီး ရန်ပွဲဖြစ်ကြ သည့်အခါ လူကိုထား၍ တန်းနေအောင် ပြေးပါလာသော သူငယ်ချင်းကောင်းကြီးအား မေတ္တာသာပို့လျက်နေရ၏။
တဖက်ကလူမှာ မြတ်ပုန်းနေသည့် နေရာသို့ ဝုန်းခနဲ ဝင်လာတာမို့ မြတ်ပါ ဘေးကျုံပေးလိုက်ရတာပင်။သူလဲ ရန်ပွဲကြောက်လို့ ပြေးပုန်းတာနေမှာ။သို့သော် ထိုလူကရန်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်ပုံရ၏။
သူက ရှပ်အဖြူလက်ရှည်ဝတ်ထားသဖြင့် လက်မောင်းတောက်လျောက်သွေးတို့ကျနေသေးသည်။ ကြည့်ရတာ သေနတ်ဒဏ်ရာဖြစ်ဟန်တူ၏။ မြတ်သ်ိရသလောက် ရန်ပွဲတွင် သေနတ်ကိုင်သူတော့ မရှ်ိလောက်ဘူးဟုထင်ထားခဲ့ပေမယ့် ခိုးယူလာကြသည်ထင်၏။
သို့သော် သေနတ်သံတွေဆက်တိုက်ဆူညံ့လာပြီး မြတ်တို့အနီးမှာပါ လူတွေရောက်လာကြသည့်အခါ မြတ်ကိုယ်လုံးလေးကို ပို၍ ကျုံ့ထားမိသည်။
ထိုလူတွေသည် တရုပ်လူမျိုးများဖြစ်ဟန်တူပြီး လူတစ်ယောက်ကို လိုက်ရှာနေဟန်တူ၏။မတွေ့တော့ လူစုခွဲကာ အဝေးထွက်သွားမှ သက်ပြင်းချမိတော့သည်။ထိုလူက ဘောင်းဘီအိတ်ထဲ လက်နှိုက်ကာ ဆေးလိပ် ထပ်နှိုက်သည်ထင်သဖြင့် ထပ်မံဟန့်တားရန် လုပ်သည့်အခါ လက်ထဲဘာမှ ပါမလာသောကြောင့် ငြိမ်နေလိုက်သည်။ကြည့်ရတာ ဆေးလိပ် ကုန်သွားသည် ထင်၏ ကျစ်ခနဲ လုပ်၍ သူ့ဒဏ်ရာကို လည်ပင်းမှ နပ်ကတိုင်အား ဆွဲဖြုတ်၍ လက်မောင်းရင်းမှ ပက်တော့သည်။
![](https://img.wattpad.com/cover/356388858-288-k220581.jpg)
YOU ARE READING
Mafia's In Love
ActionOwn Creation by Bee မိမိဖန်တီးထားသည့် Own Universe မှ ဇာတ်ကောင်များဖြစ်သဖြင့် အဆင်ပြေမှပဲ ဖတ်ရှုပါလို့ ကြိုတင်သတိပေးပါတယ်ရှင့်။