' ခွမ်း ' ' ချလွမ်း ' ( ခွက်ကွဲသံ)" မင်းစိတ်ကို ထိန်းထားစမ်းပါ Jimin သူတို့က ဘာကောင်တွေမို့လို့ မင်းဒေါသထွက်နေရတာလဲ''
ဒေါသထွက်နေသော သူငယ်ချင်းဖြစ်သူ Jimin ရဲ့ကျောကိုပုတ်ပေးရင်း ထယ်ယောင်းက ပြောလိုက်သည်။ စိတ်ပြေဟန်မပေါ်သည့် ဂျီမင်က မျက်တောင့်နီကြီးဖြင့် ထယ်ယောင်းအားစိုက်ကြည့်လိုက်ပြီး
" အဲ့ဒါ မင်းကြောင့်လည်းပါတယ် Taehyung ဘာလို့ ငါ့ကို တားနေရတာလဲ အဲ့ကောင်တွေရဲ့ မျက်နှာကို စုတ်ပြတ်သတ်အောင် ငါလုပ်မလို့လေ ''
" မင်းကလည်း ဒါက VIP club လေ မင်းရန်ဖြစ်ရင် မင်းပဲ နောက်ဆုံး ထိခိုက်မှာ ''
" ငါ့လိုလူမျိုးက ဘာကြောက်စရာလိုသေးလို့လဲ ဟမ် ''
" မင်းက CEO တစ်ယောက်ဖြစ်နေပြီ ဆိုတာ သတိထားအုံး ဒီ club က ငါတို့ထဲတက်တာမဟုတ်ဘူး တခြား စီးပွားရေးရှင်တွေနဲ့ မင်းရဲ့ပြိုင်ဘက်တွေအများကြီး လာကြတာ... ''
" ဟာကွာ! မသိဘူးကွာ ငါဒေါသထွက်တာပဲ ငါသိတယ် အဲ့ကောင်တွေကို တစ်ခုခုလုပ်မှကိုကျေနပ်မှာ ထယ်ယောင်း ''
လိုချင်ရအောင်ယူ တတ်သည့် သူငယ်ချင်းဖြစ်သူ ရဲ့အကြောင်းကို သိနေတဲ့ Taehyung က Jimin ရဲ့ဒေါသကို ပြေစေချင်သည်။ ငွေကြေးချမ်းသာသော်လည်း မိထွေးဖြစ်သူကြောင့် စိတ်သောကရောက်နေရသော Jimin ကို Taehyung က ပျော်စေချင်သည်။ Jiminရဲ့ အပျော်ကို ဖျက်စီးလိုက်တဲ့ သူတွေကတော့ ပြိုင်ဘက်ကုမ္ဗဏီက Daemin တို့အုပ်စုပင်။ပြသနာအစကတော့ Jiminတို့ club ကို ရောက်ရောက်ချင်း Jimin အနားကို လာလာကပ်တဲ့ ကောင်မလေးတစ်ယောက်ကို Jimin က ပိုက်ဆံပေးလိုက်ပြီး
" ရော့ ပိုက်ဆံပေးလိုက်မယ် အနားမလာနဲ့ အာရုံနောက်လို့ ''
ကောင်မလေးက ရှက်ရှက်နဲ့ ပိုက်ဆံယူပြီး ပြန်ထွက်သွားတယ်။ Taehyung က
" ကောင်မလေးကချစ်စရာလေးပါပဲ စိတ်မပါလို့လား ''
" ဒီညတော့ ဘာမှစိတ်မပါဘူး အမူးသောက်ပြီး အိမ်ပြန်အိပ်တော့မယ် မင်းကတော့ မသောက်နဲ့ ငါ့ကို ပြန်လိုက်ပို့ရမှာမို့ ''