Chapter 2 ( Zawgyi )

255 4 1
                                    

အခန်း(၂)
ကနဦးအစ (အပိုင်း - ခ)

သူ ဘယ်လောက် ခက်ခက်ခဲခဲကြိုးစားပါစေ အရာမထင်ခဲ့။ ဂွမ်ထယ်ဂျူမျက်နှာတွင် အပေးအယူလုပ်လိုဟန်မရှိ၊ ဓားစာခံထိခိုက်လျှင်တောင် နောက်မဆုတ်မှန်း အသိအသာပင်။ ဓားစာခံသာသေသွားလျှင် ရီချယ်ဂျင်း မလုံခြုံတော့မှန်း သူ့ကိုယ်သူသိပါ၏။ သူ့မျက်ဝန်းထဲက အသံတိတ်ဖိအားများက အားလုံးပြောပြနေ၏။

"ရှီဘာ့ ...!"

ရီချယ်ဂျင်းလည် ထိပ်တိုက်ရင်ဆိုင်တာကို အမြန်ပဲလက်လျော့ကာ ဓားစာခံကို အဝေးတွန်းထုတ်ပြီး အနောက်ကလှေကားဆီသို့ တဟုန်ထိုး ထွက်ပြေးခဲ့၏။ ဂွမ်ထယ်ဂျူလည်း ဓားစားခံကို အနောက်မှာချန်ထားရစ်ခဲ့ကာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်သွား၏။

ဒုတိယထပ်ကို ဂွမ်ထယ်ဂျူ ခြေချလိုက်တာနှင့် ကုန်းပတ်တံခါးဆီမှ လူအများ​ပြေးလွှားနေသံကို ကြားလိုက်ရသည်။ တစ်ချက်လှည့်ကြည့်ပြီး ထိုနေရာသို့ ဦးတည်သွားလိုက်သည်။ ရီချယ်ဂျင်း ပြေးလွှားနေသောပုံရိပ်က မြင်ကွင်းထဲဝင်ရောက်လာသည်။ ဂွမ်ထယ်ဂျူ ပြေးမသွားဘဲ ခြေ ​​လှမ်းကျယ်ကျယ်တွေဖြင့် အရှိန်မြှင့်လိုက်သည်။ လောနေစရာအကြောင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် သင်္ဘောက ပင်လယ်ထဲမှာ။ ရီချယ်ဂျင်းဆိုတာ ကြွေအိုးထဲမှာ အဖမ်းခံထားရတဲ့ ကြွက်တစ်ကောင်သာသာပဲ။

ဂွမ်ထယ်ဂျူ ထွက်ပြေးနေသော ရီချယ်ဂျင်နောက်လိုက်လာရင်း ပင်လယ်လေ ခပ်ကြမ်းကြမ်းက သူဆံပင်များကို တိုက်ခတ်နေရာ ထူးခြားစွာဖြင့် ခြိမ်းခြောက်သည့် သွင်ပြင်ဟန်ပေါ်နေ၏။

- ဆန်ဘယ်(sunbae စီနီယာ) Bugwan သင်္ဘောက ကိုရီးယားကမ်းခြေစောင့်တပ်ကို သင်္ဘောပေါ်မှာ လက်နက်ကိုင် သေနတ်သမားတစ်ယောက်ရှိတယ်လို့ တိုင်ကြားထားတယ်။ ဘာတွေဖြစ်နေတာလဲ။

ရုတ်တရက် နားထဲရှိ ဆက်သွယ်ရေးစက်မှ အစောပိုင်းကအသံ ထွက်လာ၏။

"နောက်မှပြော။ ငါ အလုပ်နည်းနည်းရှုပ်​နေလို့ "

နောက်ဆုံးတော့ လက်ရန်းအစွန်းကိုရောက်သွားပြီဖြစ်သော ရီချယ်ဂျင်းနှင့် ဂွမ်ထယ်ဂျူ မျက်နှာချင်းဆိုင်တွေ့လေပြီ။ သူ့ဆက်သွယ်ရေးစက်ကနေ ကန့်ကွက်သံတစ်ခုထွက်လာပေမဲ့လည်း တုန့်ဆိုင်းမနေဘဲ စက်ကိုပိတ်လိုက်၏။ ရီချယ်ဂျင်နှင့် ဂွမ်ထယ်ဂျူသာ လေတဟုန်းဟုန်းတိုက်နေသော ကုန်းပတ်ပေါ်တွင် ကျန်နေခဲ့ကြ၏။

You've reached the end of published parts.

⏰ Last updated: Nov 19, 2023 ⏰

Add this story to your Library to get notified about new parts!

ကုတ်နိမ်း "အန်နာစတေးရှား"Where stories live. Discover now