နှင်းဖြူတစ်ယောက် ပထမဆုံးစင်ပေါ်မှာ ဖျော်ဖြေရတော့မှာမို့ စင်နောက်မှာကိုယ့်ရင်လေးကိုဖိကာ ရင်ခုန်နေတာကိုဖျောက်ဖြေနေလေရဲ့။ သူမဟာအဆိုတော်တစ်ယောက်ဖြစ်ဖို့အတွက် ၀ါသနာပါလာလိုက်တာ အခုဆိုတကယ်ဖြစ်လာလေတော့မည်။ သူမ ဇာတ်တေမှာလိုက်ဖျော်ဖြေပေးနေရတာထက် အခုကိုယ်ပိုင်အယ်လ်ဘမ်ထုတ်ပြီး ပရီသတ်တေကိုပါ ဖျော်ဖြေရတော့မည်။
"နှင်းဖြူ"အဲ့အချိိန်မှာဆွဲဆောင်မှု ရှိပြီး အနိမ့်သံနှင့်လယတစ်ယောက် နှင်းဖြူကိုလှမ်း ခေါ်လိုက်လေတယ်။
"စိတ်အေးအေးထားသင့်တယ်။ မင်းအမှားလုပ်လို့မဖြစ်ဘူး"
နှင်းဖြူလှည့်ကြည့်လိုက်တော့ သူမရဲ့ producer, ရွှေရောင် company ရဲြ CEO ရွှေနှင်းဆီ။
"ဟာ။ မမ? ညီမရဲ့ပထမဆုံးပွဲကိုလာအာ့ပေူတယ်?"
နှင်းဖြူအဲ့သြစွာနဲ့ပြောလိုက်တယ်။ ရွှေနှင်းဆီကမိန်းကလေးတစ်ယောက်ထက် ယောကျာ်းတစ်ယောက်သာသာ။ ဆံသားကနက်မှောင်သကဲ့သို့ မျက်လုံးတေမှာညကောင်းကင်ကြီးအလား။ အသားအရည်မှာ နှင်းပွင့်လေးများလို။ နက်ခ်တိုင်နဲ့အနောက်တိုင်း၀တ်စုံ၀တ်ထားပြီး သူမအားအပြုံးဖြင့်အလင်းပေးနေတယ်။ နှင်းဖြူစိတ်ထဲရုတ်တရက် သတိထားမိသည်။ ရွှေနှင်းဆီရဲ့မျက်၀န်းအောက်မှာ မျက်ကွင်းညိုလေးများ။
"မမ.... နေကောင်းရဲ့လား? မမကြည့်ရတာကလေ..."
နှင်းဖြူစိတ်ထဲညိုးမိတယ်။ ရွှေနှင်းဆီသူမအတွက်လုပ်ပေးရတာ ပင်ပန်းလှပြီ။ ရွှေနှင်းဆီက တဖြည်းဖြည်းသူမဆီ လျှောက်လာကာ ခေါင်းလေးကိုဖြည်းညင်းစွာပုတ်လိုက်တယ်။"မမ အဆင်ပြေပါတယ်။ မင်းလေးသာဒီပွဲကို အကောင်းဆုံးဖျော်ဖြေ"
"ဟုတ်ကဲ့"နှင်းဖြူစိတ်ထဲ အဆင်မပြေပေမဲ့ စိတ်ပူတာကိုလျှော့ကာစင်ပေါ်ကိုတက်သွားပီး ဖျော်ဖြေမှုကိုစတင်လိုက်တယ်။
(နောက်ဆုံးတော့ ငါချစ်ရတဲ့သူတစ်ယောက်ကိုတော့ ပျော်အောင်လုပ်ပေးနိုင်ခဲ့ပြီလား)
နှင်းဆီစိတ်ထဲစဉ်းစားကာ(ငါ့သာသူမကိုပိုင်ဆိုင်ရရင်)
ရွှေနှင်းဆီစိတ်ထဲမတောင့်မသာ။ ရင်ဘက်ထဲမှာတစ်ခုခုလွတ်နေသလို။
YOU ARE READING
ကျူးလစ်ပန်းခရမ်းရောင်လေးလို
Romanceသူေဥးသမီးတစ်ယောက်ကိုယ့်ကိုယ်ကို မိန်းမချင်းကြိုက်သူမှန်းသိသွားပြီး ချစ်ရသူလိုချင်ပေမဲ့။ ထိုသူမကလည်းသူမကိုလက်ခံဖို့ပတ်၀န်းကျင်ကို ကြောက်ရွံ့နေသောအခါ။ ရွှေနှင်းဆီသူမကိုပိုင်ဆိုင်ရပါ့မလား။ ပိုင်ဆိုင်ရဖို့ဘာတေကို အတူကျော်လွှားရဦးမှာလဲ? ‼️သွေးနှင့် နှိ...