애기라고 부르지 마 !

813 94 36
                                    


" ဟေး ဟိုရှေ့က ဂင်ဂျုံအင် S T O P "

ဂျုံအင် အတန်းထဲက ထွက်ထွက်ချင်း ကြားလိုက်ရတဲ့ အသံကြောင့် ခြေထောက်တွေကို ပြေးဖို့အသင့်ပြင်ထားလိုက်သည်။အနားပိုပြီးတိုးကပ်လာရင် တနည်း ပလီပလာ စကားတွေစလာရင် ဂင်ဂျုံအင်တို့ အပြေးချန်ပီယံလို အစွမ်းမျိုးထုတ်သုံးရမှာမို့။

ပြုံးပြီး ဂျုံအင်ရှိရာ တလှမ်းချင်းလျှောက်လာနေတဲ့သူက ဆယ်ဂျုံတက္ကသိုလ်က ကောင်မလေးတိုင်းရဲ့ အိပ်မက်တဲ့။ဂျင်းပြာနှင့် တီးရှပ်အဖြူကို ရိုးရိုးရှင်းရှင်းဝတ်ထားတာကိုက ကြည့်ကောင်းလွန်းနေတာတော့ ဂျုံအင် အသိဆုံးပါ .. ဒါပေမယ့် ဆံပင်ငုတ်စိတို နက်နက်ကလေးတွေနဲ့ အရမ်း ကလေးရုပ်ပေါက်နေတာ မဟုတ်ဘူးလား။ပြီးတော့ အကြီးကို နာမည်တပ်ခေါ်တဲ့ အရိုင်းအစိုင်းလေး။

" ကိုယ် အတန်းစောပြီးလို့ မင်းကို လာစောင့်နေတာ "

ဂျုံအင်ရှေ့ကို ရောက်တော့ လက်ထဲက နှင်းဆီနီနီကို ဒူးတစ်ဖက်ထောက်ကာ ဂျုံအင်ရှေ့ကို ကမ်းပေးသည်။ဘေးနားမှာ ရှိနေတဲ့ လူတိုင်းဟာ မထူးဆန်းတော့တဲ့ မြင်ကွင်းလို ကြည့်နေကြပေမယ့် တစ်ချို့တစ်လေကတော့ အံ့ဩနေဆဲ။

" ဒီ သောက်ကလေးကတော့ အကြီးကို မင်းလို့ပြောစရာလား "

" ရည်းစားတွေဖြစ်ရင်တော့ တရိုတသေ ကိုကိုလို့ခေါ်ပါ့မယ်ခင်ဗျာ "

ဘေးမှာ အသံတွေဆူညံသွားပေမယ့် ဂျုံအင်ကတော့ နေရခက်လာပြီး စိတ်ညစ်စရာကောင်းလာတာမို့ ခါတိုင်းလိုပဲ ထွက်ပြေးတော့သည်။မပြေးခင် ခဏခဏပြောပြီးပြီဖြစ်တဲ့စကားတစ်ခွန်းကိုတော့ ဂျူနီယာလေးသိအောင် ထပ်ပြောခဲ့ပါသေးသည်။

" ငါ မင်းနဲ့ဘယ်တော့မှ မတွဲဘူး ချာတိတ်လေး ငါက အသက်ကြီးတဲ့လူတွေပဲကြိုက်တာ "

~

ဂျုံအင်က တက္ကသိုလ်မှာ မဟာတန်းကျောင်းသား။ဂျုံအင်ကို အသည်းအသန်လိုက်နေတဲ့ ကြိုးစားတဲ့ကောင်လေးကတော့ ခုမှ ပထမနှစ်လေ။မနူးမနပ်ပထမနှစ်ကလေးက ဂျုံအင်လို မဟာတန်းနောက်ဆုံးနှစ်ကျောင်းသားကို ဘယ်မှာ ဘယ်လိုတွေ့ပြီး ဘာကြောင့် သဘောကျသွားလည်းမသိပေမယ့် အတော်တော့ထူးဆန်းပါ၏။

애기라고 부르지 마 ( Don't call me baby)Where stories live. Discover now