"တီး..တောင်"
"ကျစ်"
တံခါး bell မြည်သံကြောင့် Zell ကျစ်ခနဲ
စုတ်သတ် မိသည်။
သည်လအတွက် Condo serviceကြေးကို
သူ မနေ့ကမှ သွင်းထားပြီးပြီမဟုတ်လား။
သည် Condo က လူတွေက ကိုယ့်အခန်းထဲ
ကိုယ်သာ နေကြပြီး ဇယားနောက်သက်သာသဖြင့်
Zell သည်မှာနေတာ 2နှစ်ခန့်ရှိပြီဖြစ်သည်။
Service ပေးဖို့နောက်ကျလျှင်သာ
Condo ရှိတာဝန်ရှိလူက လာသတိပေးတတ်သည်။
ကျန်သည့်အချိန်တွင် ဘယ်သူ့မှ Bell လာမတီးဖူးပေ။
မိမိအခန်းရှေ့ မျက်နှာချင်းဆိုင်အခန်းမှာလည်း
လူမနေတာ တစ်နှစ်ကျော်လောက်ရှိပြီဖြစ်ပြီး
သည်အထပ်တွင် Zellအခန်းနှင့် ထိုအခန်း၊
နှစ်ခန်းတည်းသာရှိသည်။"တီး..တောင်"
စဉ်းစားနေတုန်း ထပ်မြည်လာသည့်
Bellအသံကြောင့် Sofaပေါ် လှဲနေရာမှ ထရပ်ကာ
သွားဖွင့်ပေးလိုက်သည်။"Hello"
Zellအိမ်တံခါးရှေ့တွင် သက်လတ်ပိုင်း
အမျိုးသားတစ်ယောက် လက်ထဲတွင်
စက္ကူအိတ်တစ်အိတ် ကိုင်လျက်
မတ်တပ်ရပ်နေသည်။ Zell ကိုတွေ့တော့
ပြုံးပြနှုတ်ဆက်လာသည်။ လူပုံစံကြည့်ရတာ
လူရည်သန့်ဖြစ်ပြီး အိမ်နေရင်း တီရှပ်နှင့်
ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားသည်။
အိမ်နေရင်းဆိုသော်လည်း သပ်သပ်ရပ်ရပ်
ဖြစ်နေသည်မှာ မျက်စိစပါးမွှေးစူးစရာ။
Zell ပြန်မနှုတ်ဆက်ဘဲ သူ့ထက်
အရပ်ခေါင်းတစ်လုံးနိမ့်သော
ထို လူ့ မျက်နှာတည့်တည့်ကို မှင်သေသေ
စိုက်ကြည့်ပေးလိုက်သည်။"အာ...ကိုယ်က မင်းရှေ့အခန်းကို အရင်အပတ်ကပြောင်းလာတဲ့ အိမ်နီးနားချင်းအသစ်ပါ၊
ကိုယ့်နာမည် Augustပါ"စလာတည်းက သူများအခန်းတံခါးလာခေါက်ပြီး
အာရုံနောက်နေပြီဖြစ်တဲ့ လူအသစ်ကို
Zell ကြည့်နေမိသည်။ စိတ်ရှုပ်စရာတွေပဲ။"Zell လို့ခေါ်လို့ရတယ်"
"မင်းနာမည်က Zellလား..ကိုယ့်ထက်ငယ်မဲ့ပုံပဲ..ဟင်း
ကိုယ်တို့က မျက်နှာချင်းဆိုင်အခန်းတွေမှာနေတဲ့
အိမ်နီးနားချင်းတွေဆိုတော့ ရှေ့လျှောက်
တစ်ယောက်အကူအညီ လိုရင် တစ်ယောက်
ကူညီပေးကြရအောင်..ယောက်ျားလေးအချင်းချင်း
ဆိုတော့ ပိုအဆင်ပြေတာပေါ့ကွာ"
YOU ARE READING
The Neighbors
Romantikရည်းစားရှိတဲ့ဒွိလိင် August နှင့် အိမ်နီးနားချင်း Zellတို့ ရည်းစားမသိအောင် ဖောက်ပြန်ခိုးစား သည့် အပြာစာ။ Pls read at your own risk. (Commission work)