ငါကချစ်ခြင်းမေတ္တာကိုမယုံဘူး။ ဒါအမှန်အတိုင်းပြောတာ။
ငါကချစ်ခြင်းမေတ္တာကို ဘယ်လိုနည်းနဲ့မှမယုံဘူး။
အဲ့ဒါကြောင့် အကယ်လို့ ငါသာ စာရေးဆရာဖြစ်မယ်ဆိုရင် ငါက အဆုံးသတ်မလှတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ခြင်းတရားကိုအယုံအကြည်မရှိတဲ့အကြောင်းတွေကိုပဲရေးတဲ့ ဘက်လိုက်လွန်းတဲ့စာရေးဆရာဖြစ်လိမ့်မယ်။
အဲ့လိုမဟုတ်ဘဲ ငါက တေးရေးဆရာဖြစ်နေမယ်ဆိုရင်တော့ ဝမ်းနည်းဖွယ်အချစ်သီချင်းအကြောင်းနာကျင်ခံစားရမှုတွေကိုပဲရေးနေတဲ့ ကြေကွဲသီချင်းရေးဆရာဖြစ်လိမ့်မှာပဲ။
အခုတော့ ဒါတွေဘာမှမဟုတ်တဲ့ ရိုးရိုးရှင်းရှင်းသာမန်ကျောင်းသားဖြစ်နေတဲ့ငါကတော့ အခုလိုမျိုး ရံဖန်ရံခါချစ်ခြင်းမေတ္တာကိုမယုံကြောင်း ဒဿနတွေပြောနေတတ်တဲ့ ကောင်လေးဖြစ်နေတော့တာပါပဲ။
အဲ့လိုအချိန်တွေရောက်တိုင်းငါမေးခွန်းပြန်ထုတ်မိတာက လူတွေက ချစ်ခြင်းတရားကိုဘယ်လိုသတ်မှတ်ထားကြတာလဲဆိုတာပဲ။ တစ်ယောက်ကိုတစ်ယောက်ကိုရူးရူးမူးမူးချစ်နေခြင်းတွေလား။ မဟုတ်လဲ ကြီးကျယ်ခမ်းနားခြင်းတွေပါတဲ့ တစ်ခမ်းတစ်နားဖွင့်ဆိုချက်တွေနဲ့ ပြဇာတ်တွေထဲကလို ချစ်ခြင်းမျိုးတွေလား။ မဟုတ်လဲ အသက်ကိုပေးပြီးချစ်ရလောက်တဲ့အထိ နက်ရှိုင်းပါတယ်ဆိုတဲ့ ချစ်ခြင်းတရားတွေလား။ ငါကတော့ အဲ့လိုဖွင့်ဟချက်တွေကြားတိုင်း နှာခေါင်းရှုံ့မိတော့တာပဲ။
ဒီလို လူတွေမသိတာက လူတွေနည်းနည်းလေးတောင်မှမသိတာက ချစ်ခြင်းမေတ္တာဆိုတာ ဝတ္ထုတွေထဲကလို စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို ပြဇာတ်တွေ အချစ်စာပေတွေထဲကလို တစ်ခုမှဟုတ်မနေဘူးဆိုတာပဲ။
တလောကလုံးမှာအချစ်ဆုံးဆိုတဲ့သူကိုလဲ တစ်ချိန်မှာ မုန်းသွားနိုင်ပြီး တစ်မြတ်တစ်နိုးနမ်းရှိုက်ခဲ့ဖူးတဲ့ ပါးပြင်နုနုကိုလဲ တစ်ချိန်မှာ နာကျင်မှုတွေနဲ့ရိုက်နိုင်သွားတာ ဒါတွေဟာလဲ အချစ်တွေပဲ။ ချစ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေ။ စိတ်ကူးယဉ်ကမ္ဘာတွေထဲကနဲ့မတူတဲ့ လက်တွေ့ဘဝက ချစ်ခြင်းတရားတွေပဲ။
YOU ARE READING
Counting The Stars // SungJake (One Shot)
Fanfictionငါပြန်လှည့်ကြည့်လိုက်တဲ့အခိုက်အတန့်တိုင်းမှာ သူရှိနေခဲ့တယ်