မီးရောင်စုံတွေနဲ့ Djတွေမြူးကြွနေတဲ့ Nightclub တခုတွင် Vipဝိုင်းတခုမှ...
"ဟေ့ယူ ခုDjတီးနေတာက ဘယ်သူလဲ maskတပ်ထားပုံအရတော့ အတော်ရုပ်ဆိုးမဲ့ပုံဘဲ အဟားးး"
"ငါဒီclubအမြဲလာနေကြ သူDjတီးတိုင်း maskအမြဲတပ်တယ် maskမချွတ်တော့ သူ့မျက်နှာကိုလူပိုပီးစိတ်၀င်စားကြတာပေါ့ဟယ်""ဟယ်နင်တို့သူ့ကိုမသိဘူးလား သူကခုတလောနာမည်ကြီးနေတဲ့ Dj Sunလေ နင်ပြောသလိုရုပ်ဆိုးလို့maskအမြဲတပ်တာတော့မဖြစ်နိုင်ပါဘူး သူ့ရဲ့ချောမောမှုကြီးက maskထဲကနေအပြင်ကိုထွက်နေတဲ့ကိစ္စကို"
"အဟီးးဟုတ်တယ်နော် အရပ်ကော bodyကော အမိုက်စား အဆင်လေးဖြစ်မယ်""ဟျောင့်လွင်ဇော် နက်ဖြန်ညအတွက် လက်မှတ်လေးစီစဉ်ပေးစမ်းပါ"
"ဘာတုန်း မင်းရဲ့ဘယ်စော်ကိုပေးအုံးမလို့တုန်း"
"စော်မဟုတ်ပါဘူးကွာ မဒီကနက်ဖြန်ည training မရှိလို့တဲ့ ဒီကိုလာချင်တယ်ပြောလို့ သူ့သူငယ်ချင်းတွေပါခေါ်ခဲ့မယ်ပြောတာဘဲ"
"အေးပါ ငါစီစဉ်ထားပေးလိုက်မယ်"
မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်
ကလပ်အသင်းပေါင်းစုံ၊အသင်းလိုက်ဖိတ်ခေါ်
ကြက်တောင်ပြိုင်ပွဲ" မဒီနဲ့ လမင်းက နှစ်ယောက်တွဲကစားပီးရင် singleပွဲအတွက်က ပထမဆုံးပြိုင်ရမှာက မိုးတိမ် ပီးရင် စွမ်းထက်နိုင် နောက်ဆုံးပြိုင်ရမှာက ထူးခြား ကယ် ကွင်းထဲမ၀င်ခင် ပြင်ဆင်ကြတော့ သွေးပူလေ့ကျင့်ခန်းတွေ စထားကြတော့"
"ဟုတ်ကဲ့ ဆရာ"
ပထမပွဲစဉ်....
" မိုးတိမ် Fighting "
မိုးတိမ်သည် တဖက်ကရိုက်ချက်တွေကို အမှီပြန်ရိုက်နေသော်လည်း နောက်ဆုံးတွင် ၈မှတ်/၁၅မှတ်ဖြင့် တဖက်ကစားသမားက အနိုင်ရသွားခဲ့သည်။
"စွမ်းထက်နိုင်က နေကောင်းသေးတာလည်းမဟုတ်ဘူး သေချာကစားနိုင်ပါ့မလား "မဒီကစိတ်ပူကာပြောလာတော့ လမင်းနှင့်နွေးနွေးမှ "စိတ်မပူပါနဲ့ ငါတို့စောင့်ကြည့်ကြတာပေါ့"ဟုပြန်ပြောလာသည်။
"ဟျောင့်တွေ ဘာတွေစိတ်ဓာတ်ကျနေတာလဲကွာ ဒီမှာမင်းတို့ကိုကြီးတယောက်လုံးကျန်ပါသေးတယ်ကွ ငါကဘယ်သူမို့လဲ တမိုးအောက်က မြတ်ထူးခြားပါ ကိုခြားကိုယုံထားလိုက်စမ်းပါမင်းတို့"
YOU ARE READING
မောင့်လမင်းငယ်
Romance**ကျွန်တော်က မောင့်ဘ၀ရဲ့ မရှိမဖြစ်ဆိုရင် မောင်က ကျွန်တော့်ဘ၀ရဲ့ အရာရာပါ** လမင်းငယ်