Ring Ring Ring Ring...
"ဟလို... ဦးငယ်""အင်း ဟိုလေ မဒီ... ဟို.. အင် အားလုံးနေကောင်းကြရဲ့လားလို့ အဲ့တာ အဲ့တာလေး လှမ်းမေးတာ"
"နေကောင်းကြပါတယ် ဘာဖြစ်လို့လဲ "
"ဘာမှမဖြစ်ပါဘူး ဒီအတိုင်းဘဲ သတိရလို့လှမ်းမေးတာ အထွေအထူးမဟုတ်ဘူး"
"ဦးငယ်က အားလုံးထဲကမှ ဘယ်သူ့ကိုသတိရလို့လဲ"
စိတ်မရှည်တော့တဲ့ ၀င်းထွဋ်က နေ၀န်းဆီကဖုန်းကိုလုယူလိုက်ပီး "လမင်းငယ် ဆိုတဲ့တယောက်ကိုတဲ့ဟေ့ အဲ့တာဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်လေးပေးလို့ရရင် ပေးလိုက်စမ်းပါ "
"မလုပ်ပါနဲ့ ကို၀င်းထွဋ်ရယ် ဦးငယ်အကြောင်းလည်းမသိတာကြလို့ မဒီနဲ့လမင်းက တဆောင်ထဲနေနေရတာ တယောက်နဲ့တယောက်ကြားမျက်နှာပျက်စရာတွေဖြစ်ကုန်ပါ့မယ်"
"တွေ့လား ကလေးတောင်သိတယ် မင်းစောက်ကျင့်ကို" ဟု နေ၀န်းကိုလှမ်းအပြစ်တင်လျက်
"ကူညီပါ မဒီရယ် တခုခုဆို အကိုတို့ဝိုင်းထိန်းပါ့မယ် လမင်းနဲ့ပင်လယ် သီချင်းကို နေ့တိုင်းကြီးနားထောင်နေရတဲ့ ဘ၀ကိုစာနာပါအုံးမဒီရယ်"
သီချင်းကိုကြိုက်ပါသည် ဟိုကောင်နေ၀န်း မျက်နှာဆိုးကြီးနဲ့ နေ့တိုင်း feelနေတာကို မခံစားနိုင်တော့တာပါ။
"ဟင်းးးးးပီးရောလေ လမင်းဖုန်းနံပါတ်ကို messageကနေ ပို့လိုက်မယ် ပြဿနာတခုခုဖြစ်လို့ကတော့ အကိုတို့၃ယောက်လုံးကို ဒယ်ဒီကြီးနဲ့တိုင်မယ် "ပြောဆိုကာ ဖုန်းချသွားလေသည်။
"ဟေ့ကောင် နေ၀န်း ကြည့်နေကြည့်စား ဟလား
မဒီပြောသွားတာကြားတယ်နော် အရင်စော်တွေလို ခဏဘဲတွဲမယ်ဆိုရင် ဇာတ်လမ်းမစနဲ့ ""ဟေ့ကောင်ရေ ဘာကိစ္စဝိုင်းထိန်းပေးမယ်လို့ပြောလိုက်ရတာလဲ နေ၀န်းအကြောင်းမသိဘူးလား ငါတို့ဘယ်တုန်းကပြောလို့ရဖူးလို့လဲ"
"အေး မင်းပြောမှ ငါနောင်တရလာပီ စောစောတုန်းကကြတော့ သတိမပေးဘူး မေဘေးလေး"
နေ၀န်းအကြောင်းအသိဆုံးက ကိုယ်တွေအသိဆုံးပင် ငယ်ကတည်းကပေါင်းလာခဲ့သည်မလား
လုပ်ချင်တာရှိလျှင် တဇွတ်ထိုးလုပ်တတ်ပေသည်။ ဘယ်သူမှလည်းပြောမရ တားမရပါ။
အိမ်မှာမနေချင်လို့ဟုဆိုကာ မြို့ထဲတွင် တိုက်ခန်းတစ်ခန်း၀ယ်နေ၏။
ESTÁS LEYENDO
မောင့်လမင်းငယ်
Romance**ကျွန်တော်က မောင့်ဘ၀ရဲ့ မရှိမဖြစ်ဆိုရင် မောင်က ကျွန်တော့်ဘ၀ရဲ့ အရာရာပါ** လမင်းငယ်