" အတန်းခေါင်းဆောင် ဒါဆိုငါတို့ပြန်ပြီနော် "" အင်း....ကောင်းကောင်းသွား "
အခန်း၀ကနေနှုတ်ဆက်နေတဲ့ မီအွန်းကို လက်ပြန်ပြပြီးတဲ့အခါ ဂျယ်ယွန်းက အခန်းထောင့်က တံမြက်စည်းကိုကိုင်လိုက်ရင်း ညနေပိုင်းသန့်ရှင်းရေးကို စတင်သည်။
ခဏကြာတော့ အခန်းတံခါးပွင့်သံနဲ့အတူ ကျောက်သင်ပုန်းနဲ့ သင်ပုန်းဖျက်တဲ့အ၀တ်စတို့ပွတ်တိုက်သံက တစ်ဆင့်ဆီထွက်လာတော့ တံမြက်စည်းကိုကိုင်လျက်သားနဲ့ အသံလာရာမော့ကြည့်မိတယ် ။
" ပတ်ခ်ဆောင်းဟွန်း? မပြန်သေးဘူးလား "
နှစ်ယောက်ထဲရှိတဲ့အခန်းဖြစ်သည့်အလျောက် ဂျယ်ယွန်းက မတိုးမကျယ်အသံနှင့်မေးလိုက်ပေမဲ့ တစ်ဖက်ကျောင်းသားကတော့ကြားဟန်မပေါ်။
" ပတ်ဆောင်းဟွန်း မပြန်သေးဘူးလားလို့ "
" လာမကြိုသေးလို့ "
ပထမတစ်ခေါက်ထက် အသံအနေအထားကို မြင့်ပြီးခေါ်တဲ့အခါ တုံ့ပြန်စကားက ချက်ချင်းထွက်ပေါ်လာ ပါရဲ့ ဒါပေမဲ့ မေးသူကိုမကြည့်ပဲ ဖြေနေတာက ဂျယ်ယွန်းစိတ်ထဲတော့ တစ်ခုခုဖြစ်သွားစေ သည်လေ။
ဒါပေမဲ့လည်း သိပ်ဂရုစိုက်မနေဘဲ လုပ်လက်စသန့်ရှင်းရေးကိုမြန်မြန်ပြီးအောင်လုပ်ဖို့ကိုပဲ အာရုံပြန်စိုက်လိုက်သည်။ သူ့အတွက်တော့ ကျူရှင်ချိန်နောက်ကျလို့ မဖြစ်ပါပေ။
ဆောင်ဟွန်းဆိုတဲ့ကျောင်းသားကလည်း ဂျယ်ယွန်းကိုလုပ်ကူနေတာမလို့ သန့်ရှင်းရေးတာ၀န်က တစ်ယောက်ထဲလုပ်တာထက်စာရင် ခပ်မြန်မြန်ပဲပြီးသွားသည်။
" အမှိုက်ကို ငါသွားပစ်လိုက်မယ် "
" ရပါတယ် ငါပဲသွားလိုက်မယ်....ခုချိန်ဆိုရင်တော့ ဆောင်ဟွန်းကိုလာကြိုနေလောက်ပါပြီ "
နေကြာပန်းလို အပြုံးတွေနဲ့ပြုံးရင်း ဂျယ်ယွန်းဖြေလိုက်၏။ ဒါပေမဲ့ ဆောင်ဟွန်းကတော့ မျက်နှာသေနဲ့သူ့ကိုတစ်ချက်
ကြည့်ပြီး ဘေးကအမှိုက်ပုံကို လက်နှစ်ဖက်နဲ့ကိုင်ရင်း ခပ်မြန်မြန်ပဲထွက်သွားသည်။
