<3

439 42 7
                                    

"ဟူး"

မနက်‌6နာရီရှိနေပြီကို နေကမထွက်သေးတာမို့ လမ်းမကြီး‌ပေါ်မှာ ဘက်စ်ကားမှတ်တိုင်ကိုသွားနေတဲ့ Jennie ဆိုတဲ့ 24နှစ်အရွယ်အမျိုးသမီးတစ်ယောာက်သာရှိသည်

အပူချိန်က -10အောက်ရှိတာမလို့ မာဖလာနဲ့ အနွေးထည်ထူထူထည်းထည်း ဝတ်ခဲ့သော်လဲ ခိုက်ခိုက်တုန်အောင်ချမ်းနေသေးသည်

ဘက်စ်ကားမှတ်တိုင်အရောက်မှာ ဘက်စ်ကားအလာကိုစောင့်လိုက်ပြီး သူဘာကြောင့်အပြင်ထွက်ခဲ့လဲစဉ်းစားနေပြန်သည်

'ငါဘာလို့အပြင်ထွက်ခဲ့မိတာပါလိမ့် နေမထွက်ခင်ကျမဲ့ နှင်းလှလှလေးတွေကိုကြည့်ဖို့လား Hot Chocolate ပူပူလေးသောက်ဖို့လား Christmas ပွဲအတွက် အိမ်ကိုအလှဆင်ဖို့ ပစ္စည်းဝယ်ရမှာလား'

တကယ်တမ်းပြောရရင် Jennie အတွက် Christmas မလုပ်လဲဘာမှမဖြစ်သွားဘူးရယ် အတူတူဆင်နွှဲမဲ့လူလဲမရှိသလို Special thing လဲဘာမှမရှိပါဘူး သို့ပေမဲ့လဲ Christmas ပွဲကိုနှစ်တိုင်း တစ်ယောက်ထဲလုပ်နေကြပါ

"အရင်ဆုံး Hot Chocolate သောက်ဖို့သွားလိုက်တာပေါ့ Christmas Treeက အိမ်တောင်မရောက်သေးပဲနဲ့ကို"

လူတိတ်တဲ့ဆိုင်လေးတစ်ဆိုင်မှာထိုင်ပြီး Hot Chocolate သောက်ဖို့ဆုံးဖြတ်လိုက်သည် ဒီနေ့အလုပ်နားတာကြောင့် ထွေထွေထူးထူးတော့လုပ်စရာမရှိပေ

ဘက်စ်ကားရောက်လာတာနဲ့ တက်လိုက်တော့ ဘက်စ်ကားပေါ်မှာ ‌ကားမောင်းတဲ့ဦးလေးကြီးနဲ့ Jennie အပါအဝင် အကုန်လုံးပေါင်း5ယောက်ပဲရှိသည် လူမရှိတဲ့ seatမှာထိုင်လိုက်ပြီး နားကြပ်ကိုတပ်လိုက်ကာ ဖုန်းထဲကသီချင်းကိုဖွင့်ပြီး ခဏတာမှေးနေလိုက်သည်

ဒါပေမဲ့လဲအဲ့တာ သူ့နားကို ကလေးမတစ်ယောက် မရောက်လာခင်အထိပေါ့

"အေးလိုက်တာ"

Jennie ဘေးမှာလာထိုင်တဲ့ကလေးမကညည်းရှာသည် Jennieသူ့ကိုကြည့်လိုက်တော့ သူကမကြိုက်ဘူးထင်သွားသည် သူကလဲJennie ကိုကြည့်ပြီး ပြာပြာသလဲတောင်းပန်တော့သည်

"ဟိုလေ ‌တောင်းပန်ပါတယ်မမ မမ‌ဘေးမှာလာထိုင်ရင်ဘာမှမဖြစ်ဘူးထင်လို့ပါ မမ'မကြိုက်ရင်တခြားနေရာပြောင်းထိုင်ပေးပါ့မယ် မမကိုခွင့်မတောင်းမိတာလီလီ့အမှားပါ"

Unexpected December Where stories live. Discover now