"မောင် ခွင့်မပြုဘူးနော် ဟာနူး၊ တခြားကြိုက်တာ
တောင်းဆို ဒါတော့မရဘူး""အား...မရဘူး၊ ငါသွားချင်ပါတယ်ဆိုမှ ငါက
အရမ်းသွားချင်နေပါတယ်ဆိုတာကို...ဟင့်"စလာပါပြီ စလာပါပြီ ကျန်းဟာအိုလေးတို့
သူ့ရဲ့လက်နက်ကြီးကိုထုတ်သုံးလာပါပြီ။
ဘာဖြစ်ဖြစ် ဒီကိစ္စကိုတော့ အလျှော့ပေးလို့
မဖြစ်၊ ဟိုနား ဒီနားလမ်းလျှောက်ရင်တောင်
ငြီးငြူနေတဲ့သူက တောင်တက်အုံးမယ်တဲ့။"မောင့်...ငါပြောနေတာကြားလား၊ ငါသွားချင်တာလို့၊ မင်းနော် ပြောတော့ အကုန်ဟာနူးသဘော
မောင်က ဟာနူးပျော်အောင်အမြဲထားမှာဆို၊ ခုကျ..."သူပြောတာကိုအဖက်မလုပ်တော့ မကျေမနပ်နဲ့
ချစ်သူမဖြစ်ခင်က ပြောခဲ့ဖူးတာတွေကအစ ပြန်အစဖော်နေတဲ့ဟာနူးလေး၊ ချစ်တော့ချစ်တယ်
ဒါတော့ အလိုလိုက်လို့မဖြစ်...။"ကျန်တာဆို ဟာနူးဘာလုပ်လုပ် မောင်ဘာပြောဖူးလို့လဲ? ဒါကိုတော့ ဘယ်လိုမှခွင့်မပြုနိုင်ဘူး၊ စိတ်လည်းမချဘူး"
"ဘာစိတ်မချစရာရှိလဲ ရုအီလည်းပါပါတယ်ဆို၊
ရုအီက ငါ့ကိုသေချာဂရုစိုက်မှာပါ မောင်ရဲ့..နော်...
နော်...နော်လို့""ရုအီပါလည်း စိတ်မချပါဘူး၊ မောင်မှမဟုတ်တာ"
ဟန်ဘင်းသာလိုက်လို့ရရင် တူတူလိုက်သွားပေးလိုက်ပါတယ်၊ သူတို့သွားမယ့်ရက်မှာ အရေးကြီးကိစ္စတစ်ခုရှိနေတာ ဘယ်လိုမှ
ဖျက်မရလို့ ခုလိုအခြေအတင်တွေပြောနေရတာ။"အဲဒါဆို မင်းလိုက်ခဲ့ပါ့လား? သူကျလည်းမလိုက်ဘဲနဲ့ သူများသွားချင်တာလည်း မလွှတ်ဘူး၊ ပြောတော့
တစ်မျိုး လုပ်တော့တစ်မျိုး၊ မရခင်ကတစ်မျိုး ရပြီးသွားတော့ တစ်မျိုး၊ မရခင်ကသာ အကုန်ဟာနူးစိတ်တိုင်းကျဖြစ်စေရမယ်ဆိုပြီး ရပြီးကတည်းက
အကုန်သူ့စိတ်တိုင်းကျချည်းပဲ အလကားကောင်""မောင်က လိုက်မရလို့လေကွာ၊ ဒါနဲ့ ပြောပါအုံး
မောင့်စိတ်တိုင်းကျ ဘာတွေများလုပ်မိလဲဆိုတာ၊
မောင်ကတော့ အကုန်လုံး ဟာနူးစိတ်တိုင်းကျပဲ
ထားတယ်ထင်တာကို"
![](https://img.wattpad.com/cover/354372844-288-k635450.jpg)
YOU ARE READING
မောင့်ဟာနူး
Fanfictionရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့ မောင့်မျက်နှာပေါ်က ကြောင်နှုတ်ခမ်းမွှေးလေးတွေက ငါ့ရဲ့ ပျော်ရွှင်ရာအသက်ဓာတ်လေးမို့ သူများတွေရှေ့ မင်းရယ်မောတဲ့အခါ မနာလိုရတာမို့ ကျေးဇူးပြုပြီး ငါ့ရှေ့မှာပဲရယ်မောပေးပါ။