Part 7

2.1K 38 8
                                    

               နှလုံးသားထက်က မာနသရဖူ

                                   ကိန်

                              အခန်း (၇)
.

" ကိန်... မမလေးကိန် "

ဇိုင်း,ဒေါသကြောင့် သူမကို ကိန်,လို့အော်ပစ်မလို့
လုပ်ပြီးကာမှ အသိဝင်လာမှုကြောင့်... သူမကို မမလေးကိန်,ဟု ပြောင်းခေါ်လိုက်ရသည်။

" အဟင်း အဟင်း ဒေါသထွက်နေတာပဲ။ဟုတ်ပါပြီ၊ကောင်ဆိုးလေးက အရမ်းအိပ်ချင်နေတဲ့ပုံပဲ။အိပ်ရမှာပေါ့။ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ခြံထဲမှာပွင့်နေတဲ့ စံပယ်ပန်းတွေကို တစ်ပွင့်မကျန် အကုန်ခူးပြီးမှ နင် အိပ်ရမယ်။စံပယ်ပန်းတွေကို အပွင့်တွေတုံးသွားတဲ့အထိ နေ့တိုင်း နင့်လက်နဲ့ခူးပြီး၊ပန်းကုံးပါ သီပေးရမယ် ဧကဇိုင်း "

" ဘာ! "

" အဟင်း ပန်းလေးခူးခိုင်းတာက်ို လူသတ်ခိုင်းနေတာကျနေတာပဲ။ဘာလို့ အရမ်းလန့်သွားရတာလဲ။နင့်ကို ကြည့်ပြီး ငါတောင်လန့်တယ် "

" ငါ့ပုံစံက လန့်တဲ့ပုံလား... ဒေါသထွက်နေတာလားဆိုတာတောင် မခွဲခြားနိုင်အောင်၊မင်းမျက်လုံးတွေက ကန်းနေတာလား "

" ဧကဇိုင်း! နင်ကများ ငါ့ကို မျက်ကန်းလို့ ပြောရဲတယ်လို့... "

" ဒုတ်! အာ့! မင်း... "

အဘိုးသောက်တဲ့ ရေနွေးအကြမ်းကြွေပန်းကန်အလုံးလေးနဲ့ ဇိုင်း,ကို ကောက်ပေါက်လိုက်တဲ့ သူမ။
ရုတ်တရက်မို့ ရှောင်ချိန်မရလိုက်။ ပန်းကန်လုံးက လက်မောင်းကို ထိမှန်သွား၏။ဇိုင်း, ဒေါသလည်း ထွက်လာ၏။

" မင်း တော်တော်တရားလွန်နေပြီနော် ရွှေကိန္နရီ "

" ငါ့အိမ်မှာလာနေရင်တော့ ငါ့ဒဏ်ကို နင်တို့သားမိခံရမှာပဲ။မခံနိုင်ရင် နင့်အမေကို အခုခေါ်ပြီး ဒီကနေထွက်သွားလိုက်တော့။ထွက်မသွားနိုင်ရင်၊အဲ့ခြင်းကိုယူပြီး ပန်းသာသွားခူးလိုက်။ပြီးတော့ ငါ့ကို
မမလေးကိန် လို့ ခေါ်ဖို့ထပ်မပြောရစေနဲ့။ပြောရမယ်ဆိုရင်တော့... နင့်ရဲ့နောက်လက်မောင်းတစ်ဖက်မြှောက်မရဖြစ်သွားမယ် "

" ဖိုးမူလေးနဲ့ ကြီးလုံးတို့ အဲ့ကောင် ဧကဇိုင်း,ပန်းတွေအကုန်မခူးရသေးဘဲနဲ့ အိမ်ထဲဝင်မလာစေနဲ့။ပန်းတွေကိုလည်း တစ်ပွင့်ချင်းအပ်ချည်နဲ့ သီခိုင်းထား။စံပယ်ပန်းတွေအကုန်လုံးကို ပန်းကုံးတွေအဖြစ်နဲ့ မြင်ချင်တယ်။သူ့ကို ဘယ်သူ့မှ ကူပေးခွင့်မရှိဘူး။ကူပေးတဲ့ လူတိုင်းအားလုံး ဖြေရှင်းချက်မရှိ၊အလုပ်ထုတ်ခံရမယ်။ကူရဲတဲ့ လူ ကူပေးကြည့် "

You've reached the end of published parts.

⏰ Last updated: Nov 22, 2023 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားထက်က မာနသရဖူ (or) ကိန်Where stories live. Discover now