*Ficထဲတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။*
"တစ်ချို့သောလှေတွေကမ်းပျောက်ကြတယ်
တစ်ချို့သောလှေတွေကလမ်းပျောက်ကြတယ်
ငါကတော့အချစ်ပျောက်တဲ့လှေငယ်တစ်စင်း"
.
.
"Jung! Ho! Seok!""Nae?..."
အမေဖြစ်သူကိုပြန်ထူးတဲ့လေသံကိုကမထိတထိနဲ့စနေသလိုပါပင်
"လာခဲ့စမ်း...သတ္တိရှိရင်နင်ငါ့နားလာခဲ့"
"မလာပါဘူးနော်..လာရင်မေကြီးရဲ့တံမြက်စည်းနဲ့ညားမှာပေါ့"
မချိုမချဉ်မျက်နှာဘေးကသူ့အမေရဲ့ဒေသကိုဆွနေသလိုပင်။
"နင်တအားတွေတတ်နေတယ်ပေါ့ဟုတ်လား"
"Jung hoseok ကိုမေကြီးဒါမျိုးလာလုပ်လို့မရတော့ဘူး...ငယ်ငယ်ကပဲရမယ်အခုမရဘူး"
ပြောပြောဆိုဆိုနဲ့ပြေးထွက်သွားတဲ့ကောင်လေးကအခုမှအသက်ပြည့်တယ်ဆိုရုံလေးရှိသေးတာ..အခုလည်းအမေဖြစ်သူကသူငယ်ချင်းတွေနဲ့အပြင်မသွားဖို့အတန်တန်ပြောထားရာကနေအဝတ်အိတ်ကြီးသယ်ပြီးထွက်ပြေးသွားပြန်ပါပြီ။
"နင်ပြန်လာပလေ့စေဦး..ငါ့အကြောင်းကောင်းကောင်းသိမယ်"
"မိန်းမရယ်အသက်တွေလည်းကြီးလာပြီး..သားလေးကိုလွှတ်ထားပေးလိုက်ပါ..သူလည်းသူ့သူငယ်ချင်းတွေနဲ့ပျော်ချင်မှာပေါ့"
"ရှင်လည်းကြပ်ကြပ်သတိထားနေနော်..ကျွန်မကိုတရားလာမဟောနဲ့..တကယ်တည်း..သားအဖနှစ်ယောက်လုံးအချိုးကိုမပြေတာ"
အိမ်တွင်ပူညံပူညံဖြင့်ကျန်ခဲ့သောအမေဖြစ်သူရဲ့စကားကိုဒီတစ်ခါတော့သူဆန့်ကျင်ခဲ့သည်။
ဝါးး!လွတ်လပ်မှုကိုခံစားဖို့ငါအခုလာနေပြီ!ငါ့ကိုစောင့်နေလိုက်လောကကြီး။"ရား!..သူငယ်ချင်းတို့!.."
"ဪ..Hobi..ဟမ်!..Hobiကြီးလား..မင်းဘယ်လိုဖြစ်ပြီး.."
သူငယ်ချင်းတွေရဲ့အံ့ဩတဲ့အကြည့်ကိုဂုဏ်ယူနေတဲ့Hoseokက..
"ငါပဲလေ.."
"မင်းအမေရဲ့ကြက်မွှေးကရော.."
"တော်စမ်းပါကွာပျော်စရာရှိတာပျော်ရမဲ့ဟာကိုအဲ့ကြက်မွှေးကိစ္စကြီးပြောမနေပါနဲ့.."