Unicode
_________ဆေးလိပ်ငွေ့တွေကို သိပ်မုန်းပေမယ်၊
ဆေးလိပ်သောက်တတ်တဲ့ မောင့်နှုတ်ခမ်းတွေကိုတော့ သဘောကျတယ်လို့ Jane ကအတိတ်မှာပြောခဲ့ဖူးတယ်၊ အခုဆို Jane ထွက်သွားတာ ဘယ်နှရက်ရှိခဲ့ပီလဲ။၇၃၁ရက်မြောက်နေ့မာပဲ ကျွန်မဟာ ရေတွက်ခြင်းတွေကို ရပ်ဆိုင်းပစ်ခဲ့တယ်။ကျွန်မအထင် သုံးနှစ်ကျော်လောက် ရှိရောပေါ့။
ထားပါလေ ဒါတွေကအရေးမကြီးတော့ပါဘူး။ Jane ဟာကျွန်မဆီ တကယ်ပြန်လာခဲ့တာမှ မဟုတ်တာ။Jane နဲ့ ပထမဆုံးတွေ့ခဲ့တဲ့ChaeSooဆိုတဲ့ ဒီBarလေးမှာပဲJane ကို ကျွန်မ ဒီနေ့ပြန်တွေ့ခဲ့တယ်။Jane ရဲ့မျက်ဝန်းညိုတွေဟာ အရင်လိုဓားသွားတွေကို သိုဝှက်ထားဆဲပဲ။
နှုတ်ခမ်းထူထူလေးဟာလည်း အရင်လို
ယစ်မူးဖို့ကောင်းတုန်းပဲ။အပြစ်ကင်းတဲ့ လူတစ်ယောက်လို Jane ဟာကျွန်မဆီကိုလျှောက်လာရင်းပင် လက်ကမ်းပေတယ်။
" မတွေ့ရတာကြာပီနော် မောင်..."တဲ့
အသံခပ်ရှရှလေးဟာ အရင်လိုလွှမ်းမိုးနေတုန်းပဲ။
လွှမ်းမိုးမှုနှင့် ယစ်မူးစေခြင်းကတော့
Jane ကျွန်မအပေါ် အောင်မြင်ထားတဲ့ဘာသာရပ်တွေပါပဲ။(အင်း) လို့အေးတိအေးစက် နှုတ်ဆက်ပေးလိုက်တော့ Jane ကမျက်မှောက်ကျုံ့လျက် ကျွန်မကိုစိုက်ကြည့်တယ်။သူ့တစ်ချိန်တုန်းက အိမ်မွေးကြောင်လေးဟာ အာခံတက်နေပီလားလို့ Jane တွေးနေမလားတော့
ကျွန်မ မသိ။" မောင့်ကို စောင့်နေတာ..မနေ့ကလဲ လာသေးတယ်။ တစ်နေ့ကလဲ တို့လာခဲ့သေးတယ်"
" ကိစ္စရှိလို့လား "
Jane ကျွန်မဆီ ရောက်လာတဲ့အချိန်က
နှစ်ချိန်ပဲရှိပီး ၊အဲ့ထဲက တစ်ချိန်ကတော့
သူကျွန်မဆီက တစ်ခုခုကိုလိုအပ်တဲ့အချိန်သာဖြစ်တယ်၊ဒါကိုတော့ ကျွန်မကောင်းကောင်းမှတ်မိနေဆဲပဲ။အခုလည်း ကျွန်မမေးတော့ တုံ့ဆိုင်းခြင်းမရှိပဲ (အင်း) လို့ပြန်ဖြေတယ်။
" သူငွေလို့နေလို့၊Jane မှာလဲမရှိဘူး၊အ့တာကြောင့် မောင့်ဆီကနေလာတောင်းတာပါ"
YOU ARE READING
Jane 🖤
Short Storyဆေးလိပ်ငွေ့တွေကိုသိပ်မုန်းပေမယ့်၊ဆေးလိပ်သောက်တတ်တဲ့ မောင့်နှုတ်ခမ်းတွေကို သဘောကျတာကတော့ ချွင်းချက်ပေါ့ မောင်...... ... Mature on ပါတယ်နော်..‼️ G!P ❤️အသုံးအနှုန်းရိုင်းခဲ့သည်ရှိသော်ခွင့်လွှတ်ပေးပါ ။ အမှားပါရင်ခွင့်လွှတ်ပါ။Jenlisa အမှောင်ပထမဦးဆုံးရေးခ...