ကျုပ်နာမည်ကတစ်လုံးထဲKing
တစ်ချို့ကကျုပ်ကို Demon Kingလို့လဲခေါ်ကြတယ်
မေမေကတော့ သားမောင်လို့ခေါ်ခဲ့ဖူးတယ်။နက်ဆွေးနေသည့် မျက်ခုံးတန်းတွေကို စုကျုံ့ရင်း နာနာကျင်ကျင်ငြီးငြူနေသူမှာအမှောင်လောကရဲ့ မူးယစ်ရာဇာကြီး King နောက်ပြီး Kingအိမ်တော်ရဲ့ အကြီးအကဲလဲဖြစ်တယ်။
"တောက်! ကျစ်..."
"ကိုKingအဆင်ပြေရဲ့လား"
ဘေးကနေစိုးရိမ်တကြီးမေးလာသူက Kingရဲ့ဘေးမှာ အမြဲရှိနေတက်ပြီး Kingရဲ့အန္တာရယ်တွေကနေ ကာကွယ်ပေးတဲ့ မင်းဟန်ဆိုသူ
"မပြေဘူး ဦးနိုင်ကိုခေါ်ပေး"
အမြဲလိုလို မျက်နှာတည်တင်းပြီး ဘယ်လိုဒဏ်ရာမျိုးကိုမှ ဂရုမစိုက်တဲ့သူ... တော်ရုံဆို သူဒဏ်ရာရလာလို့ရလာမှန်း မသိရလောက်အောင် အနေအထိုင်ပီပြင်တဲ့သူက အခုဆိုဖာပေါ်မှီလျှက် ဝမ်းဗိုက်က သေနတ်ထိထားတဲ့နေရာကိုဖိပြီး အသက်ရှူနေပုံက သိပ်အဆင်လှပုံမပေါ်
ဒီတစ်ခါ ကိုKingတော်တော်ထိသွားပုံရသည်။ မျက်နှာတစ်ခုလုံးလဲ ချွေးစေးတွေထွက်လျှက် အသက်ကိုလဲပြင်းပြင်းရှူနေတယ်။ ရင်ဘက်ကျယ်ကြီးတွေက ပိန်လိုက်ဖောင်းလိုက်ဖြင့် မင်းဟန်လဲ အခြေအနေမလှတော့ဘူးထင်တာနဲ့ အခန်းထဲက အမြန်ထွက်လာပြီး Kingခေါ်ခိုင်းတဲ့ ဦးနိုင်ကို အမြန်ပြေးခေါ်ရတော့တယ်။
"ဘယ်လိုဖြစ်လာတာလဲဥဿ မင်းကြည့်ရတာ တော်တော်ထိထားပုံပဲ"
"ဟုတ်တယ်ဦးနိုင် ဟိုကောင်နဲ့ထိပ်တိုက်တွေ့လာတာ ကျွန်တော်ကောင်းတာနဲ့ သူ့ကိုသွားသက်မှာ ခွန်းရန်နောင်..အဲ့ဒီ့ကောင်ကို ကျွန်တော်ဒီတိုင်းမထားနိုင်တော့ဘူး အား..ကျစ်"
"ဟုတ်ပြီ အခုမင်းစိတ်ကိုလျှော့ထား ဦးနိုင်Doctorခေါ်လိုက်မယ်"
ဆိုဖာပေါ်မှာ သက်သာသလိုလှဲနေသူက ခေါင်းပဲငြိမ့်ပြနိုင်တော့တဲ့အထိ အားအင်ကုန်နေပြီဖြစ်သည်။ဦးနိုင်က ဖုန်းပြောပြီးတာနဲ့ Kingဆီပြန်လာခဲ့သည်။
"အားတင်းထား ခဏနေDoctorရောက်လာလိမ့်မယ်"
~~~~~~~
YOU ARE READING
အပြုံးနဲ့ပဲအနိုင်ယူပါ
Fanfictionခင်ဗျားကျုပ်နဲ့ဒီညသေချာပေါက်လက်ထပ်ရမယ် လွန်းရန်နောင် တချို့ကိစ္စတွေအတွက် အဆင်သင့်မဖြစ်သေးရင် ခင်ဗျားအဆင်သင့်တဲ့အချိန်ထိစောင့်ပေးနိုင်တယ် ဥဿမောင်