1

485 39 0
                                    

စားသောက်ဆိုင် တစ်ခုရဲ့ အထဲ ဆူညံသံတွေ အော်ဟစ်သံတွေသာ ကြီးစိုးနေသည်။
စားပွဲခုံကို လေးခုံလောက် ဆက်ထားပြီး လူတွေက ဝိုင်းမှာ အပြည့်မို့ အယောက်နှစ်ဆယ်ထက် မနည်း။

ကျောင်းသားဟောင်း တွေ့ဆုံပွဲ မို့ မတွေ့တာကြာတဲ့ လူတွေမို့ ခံစားချက်အစုံ။
ကျောင်း၀တ်စုံအစား အသက်အရွယ် တစ်ခုကို ညွှန်ပြနေတဲ့ ပြီးတော့ လက်ရှိ ဘ၀တစ်ခုကို ညွှန်ပြနေတဲ့ အ၀တ်အစားတွေ အပြုံးတွေနဲ့။

ဂျူဟျွန်းဟာလည်း ဒီ ဝိုင်းထဲမှာ ထိုင်နေတဲ့ လူတစ်ယောက် ပင်ဖြစ်သည်။

" မက်ဂျူယူအုံးမလား"

ဂျူဟျွန်း ထိုင်နေသည်က စားပွဲ နှစ်ခု ဆက်ထားရာနေရာမှာဖြစ်သည်။ တစ်ဖက်က သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျနေသလို ကျန်တစ်ဖက်က သူငယ်ချင်းဖြစ်သူဟာလည်း သူ့ရဲ့ တစ်ဖက်က သူငယ်ချင်းတွေနဲ့ဘဲ တစ်လျှောက်လုံး ဝိုင်းဖွဲ့နေခဲ့တာမို့ ဘေးချင်းကပ်ထိုင်နေသည့်တိုင် ပထမဆုံး သူမတို့နှစ်ယောက် စတင် စကားပြောမိတာဖြစ်သည်

" အင်း ယူမယ်"

ကုန်သွားတဲ့ ခွက်အလွတ်ကို သူ့ဘက်တိုးပေးတော့ သူက ဆိုဂျူနဲ့ မက်ဂျူကို သူမနဲ့ ဂျူဟျွန်း နှစ်ယောက်စာခွက်နှစ်ခွက်အတွက် အချိုးကျကျ ရောစပ်နေရင်း

"မတွေ့ဖြစ်တာတောင် တကယ်ကြာပြီ"

"ဟုတ်ပါရဲ့.."

အဖြေကို ခပ်တိုတိုပြန်ပေးလိုက်သောငြား သူရော ဂျူဟျွန်းပါ အတွေးတွေ ခဏ များသွားကြသည်။
မျက်စိရှေ့က အတန်းဖော်တွေကို ကြည့်ရင်းပေါ့။

"ကျောင်းတုန်းကတော့ ပိုရင်းနှီးတဲ့လူ သိပ်မရင်းနှီးတဲ့လူ ရှိခဲ့ပေမယ့် ဒီလို ပြန်တွေ့လိုက်ရတော့ အကုန်လုံးကို အတူတူဘဲ ခံစားရတယ်။ အမှတ်တရ ရှိခဲ့တာခြင်း အနည်အများ ကွာပေမယ့် တွေ့ရလို့ ပျော်တာတော့ ဘယ်သူ့ကိုမှ ထူးပြီး မနေတော့သလိုဘဲ။"

သူ့ဆီက ထောက်ခံတဲ့ ရယ်သံအချို့ ကြားရတယ်။

"ကျောင်းမှာဘဲ ဆရာမပြန်လုပ်နေတာဆို "

ဂျူဟျွန်း ခေါင်းညိတ်ပြလိုက်သည်။
အခြေအနေက ခုနကလိုမဟုတ်ဘဲ သူမတို့နှစ်ယောက်တည်း စကားဝိုင်းတစ်ခုဆီ ဦးတည်လာနေတယ်။

Drowning Where stories live. Discover now