(Zawgyi)
🌸Mud(နွံ)🌸
ရိပေါ် ဆိုဖာခုံမှာထိုင်ကာ Lan Companyရဲ့ စီးပွားရေးအချက်အလက်တွေကိုကြည့်နေသည်။ ကျန်းချန်က
"ရိပေါ် မင်းတကယ်ပဲ အဲ့ company မှာရင်းနှီးမြှုပ်နှံမလို့လား?"
"အင်း ငါရင်းနှီးမြှုပ်နှံမယ်"
"မင်းရဲ့ပြစ်မှတ်က ဘာလဲ"
"ကျင်းကွမ်းယောင်ကို ငါ့အပေါ်လုပ်ခဲ့တဲ့အပြစ်ကြွေးပြန်ပေးဖို့"
"ေ-သချာလို့လားရိပေါ် မင်း ကျင်းကွမ်းယောင်ကိုဖြုတ်ချချင်တာက မင်းအပေါ်လုပ်ခဲ့လို့လား ဒါမှမဟုတ် ရှောင်းကျန့်အပေါ် သူမတရားလုပ်ခဲ့တာတွေကို ဒေါသဖြစ်လို့လား"
ရိပေါ် စာရင်းတွေကိုကြည့်ရင်းမှ ကျန်းချန်ကို ဆိုက်ကြည့်လိုက်သည်
"ငါ့အပေါ် လုပ်ခဲ့တဲ့အတွက်ပဲ ရှောင်းကျန့်ကိစ္စ ငါစိတ်မဝင်စားဘူး"
"အင်းပါ ဘယ်လိုပဲဖြစ်ဖြစ် ငါ့သူငယ်ချင်းအပေါ်လုပ်ခဲ့တဲ့ အဲ့ကျင်းကွမ်းယောင်ကိုလည်း ငါမကျေနပ်ပါဘူး"
"ဒါဆို ငါနဲ့အေးဆေးအလုပ်အတူလုပ် ရှောင်းကျန့်အကြောင်းပါပါမလာနဲ့ စိတ်ရှုပ်တယ်"
"အေးပါ ငါမပြောတော့ပါဘူး"
(ရိပေါ် မနေ့ကမှ အကောင်းကြီးပါ ဘယ်လိုဖြစ်သွားတာလဲ?)
ကျန်းချန် စိတ်ထဲမှာသာတွေးကာ အပြင်မှာတော့ ထုတ်မပြောရဲ။
.................................................................................
ယန်လီ စိတ်ညစ်နေသည်။ ဖုန်းပြောကာ မျက်နှာကလည်း ဆူပုတ်လျှက်
"Daddy!... Daddyကို သမီးပြောပြီးပြီမလား သမီးနဲ့ရိပေါ်က သူငယ်ချင်းတွေလိုပဲ ဒီထက်ပိုပြီး သမီးတို့အဆင့်က မတက်ဘူး"
"..........."
"Daddy တို့ဘာသာ စွတ်လုပ်မယ်ဆိုရင် သမီး Yun Meng (ယွင်မုန့်) Groupကနေထွက်မယ်! Company ကိုလည်း မဦးစီးပေးနိုင်တော့ဘူး!"
ပြောကာ ဖုန်းကို ချပြစ်လိုက်သောယန်လီ ။ မျက်ရည်များဝဲလာကာ သူ့ခေါင်းဦးရဲ့အောက်မှ ဓာတ်ပုံ Albumလေးကိုထုတ်ကာ ဖွင့်လိုက်ပြီး ဓာတ်ပုံတစ်ပုံကိုကြည့်၍ ပြောသည်
YOU ARE READING
🌸Mud (နှံ)🌸 [Complete]
Fanfiction❄️ရှေ့နေကျောင်းသားလေးရှောင်းကျန့်ဟာ အချစ်ကိုအယုံအကြည်မရှိဘူး ဘဝကိုပျော်ပျော်သာဖြတ်သန်းပြီး နှလုံးသားကခံစားချက်မဲ့နေခဲ့တယ် တစ်နေ့တော့ အသစ်ရောက်လာတဲ့ကျောင်းဆရာလေးဝမ်ရိပေါ်ကိုတွေ့ပြီးသဘောကျခဲ့တယ် play boyလေးရှောင်းကျန့်ကို ရိပေါ်မကြိုက်ပေမယ့် သူမသိလိုက...