1K 112 65
                                    

မနက်ကတော့ Gem နဲ့အခင်းထဲမလိုက်ချင်လို့ ဝေ့ပတ်နေတဲ့မြို့သား အရိုင်းစိုင်းလေးက အခင်းထဲလဲရောက်ရော ရှိရှိသမျှအလုပ်သမားတွေနဲ့အကုန်အဖွဲ့ကျပြီး ခေါ်လာတဲ့ Gem ကိုအဖတ်လုပ်ရကောင်းမှန်းပင်မသိတော့.......

နေ့လည်စာ စားတော့လည်း အလုပ်သမားတွေ ထမင်းချက်အဒေါ်ကြီးတွေနဲ့ သူတို့မွေးထားတဲ့ကလေးတွေအကုန်လုံးက မြို့ကလာတဲ့အင်ဂျင်နီယာ နုနုဖတ်ဖတ်ချောချောမောမောလေးဆိုပြီးဝိုင်းအုံဂရုစိုက်ကြတာမို့ အနားမှာလူတအုံးအုံးနဲ့ ဝိုင်းဝိုင်းကိုလည်လို့.....

အခုလည်း Gem အလုပ်သမားတွေဆေးဖြန်းတာကိုလိုက်ကြည့်ပြီးပြန်လာတော့ ဒင်းက ညနေစာအတွက်ပြင်ဆင်နေတဲ့အဒေါ်ကြီးတွေ အရွက်ခြွေနေတဲ့နားသွားပြီး တဟီးဟီးနဲ့ လေအုပ်နေပြန်လေသည်......တော်တော်စကားများတဲ့ဟာလေး

ထမင်းချက်တဲ့အဒေါ်ကြီးတွေဆိုသည်မှာလည်း Gem ကိုသာ စကားလေးလုံးကွဲအောင်မပြောရဲတာ ဒီသာလိကာလေးနဲ့လည်းကျရော ပြောလိုက်တဲ့စကားဆိုတာ ရေပက်လို့မဝင်......

ဘေးမှာလည်း သွားရည်စာ လက်လုပ်မုန့်အစုံထည့်ထားတဲ့ ဗန်းတစ်ဗန်းကချထားသေးသည်.....

နှီးဗန်းလေးထဲ ငှက်ပျောဖတ်စိမ်းစိမ်းလေးခင်းကာ တစ်မျိုးစီသီးသီးသန့်သန့်ပုံထည့်ထားတဲ့ မုန့်လေးတွေဆိုတာ စုံစိနေရော.....

မသိရင် သုံးနှစ်သားကလေးကို အသဲယားလို့မုန့်ဝိုင်းကြွေးနေကြတဲ့အတိုင်းပင်.….

ဟိုဟာလေးကလည်း Gem ကိုသာဆဲဆိုနေတာ သူများတွေနဲကျ လေပေးကိုဖြောင့်လို့....

တစ်အုပ်လုံးလေပိနေကြတာများ Gem ဝင်လာတာတောင်သတိမထားမိနိုင်ကြသည်အထိ.....ကောင်းရော

"အဟမ်း"

ချောင်းတစ်ချက်ဟန့်လိုက်တော့မှ ပြောလက်စ စကားတွေရပ်ပြီး Gem ရောက်နေတာကိုသတိထားမိသွားကြတော့သည်.....

Gem ကိုလည်း‌‌မြင်ရော သာလိကာလေးက ထိုင်ရာကနေဆတ်ခနဲကုန်းထကာ မျက်လုံးတောက်တောက်တွေနဲ့စကားဆိုလာလေတော့သည်.…

"Gem.....မြန်မြန်လာ ငါ မင်းအတွက်မုန့်ဖယ်ထားတယ်"

ပြောလဲပြော ဘေးနားမှာ အုပ်ထားတဲ့ အုပ်စောင်းသေးသေးလေးကိုဖွင့်လိုက်တော့ နှီးဇကာအသေးလေးထဲမှာ ငှက်ပျောဖတ်လေးခင်းပြီး သတ်သတ်ဖယ်ထားတဲ့မုန့်လေးတွေက စားချင်စဖွယ်......

ကျွန်တော့်ရည်းစား သူကြီးသားWhere stories live. Discover now