Part 6

574 51 0
                                    

" ဟီးဆွန်းဟျောင်း ဒါကျွန်တော့်အိမ်လမ်းမဟုတ်ဘူးလေ ပြီးတော့ ဖြတ်လမ်းလဲမဟုတ်ဘူး "

" ကိုယ်သိပါတယ် ကိုယ်မင်းကို မပြန်ခင်လေး မုန့်ဝယ်ကျွေးချင်လို့ "

စကားပြောခပ်ချိုချိုနဲ့ လူကို ခနလေးအတွင်း ပျော့ခွေသွားအောင် ပြောနိုင်တာက ဟီးဆွန်းရဲ့ Hidden Talent တစ်ခု။

အခုလဲကြည့် ကားမောင်းနေတာများ ကြည့်ကောင်းတာထက်ကို ပိုနေရောပဲ၊ ဒီလူက အရမ်းချောနေတော့ သူနဲ့တန်ရဲ့လားဆိုတဲ့ အတွေးဝင်မိတယ်။

ရီခီ့လက်ကို ဆွဲကာ ဈေးထဲအရင်ဝင်သွားတဲ့ ဟီးဆွန်း၊ မအံ့ဩဘူးဆိုရင် လိမ်ရာကျမှာပေါ့ အခု Lee Group ရဲ့CEO တစ်ယောက်က သူ့ကို ဈေးထဲခေါ်လာတယ်တဲ့လေ။

တစ်ခါတစ်လေတော့လဲ ရိုးရိုးရှင်းရှင်းတွေကပဲကောင်းပါတယ်။

" ရီခီ ဒီက ငါးပေါင်မုန့်ကောင်းတယ်တဲ့ "

အဖွားတစ်ယောက် ရောင်းနေတဲ့ ငါးပေါင်မုန့်ဆိုင်တစ်ခုကို ဟီးဆွန်းက ရည်ညွှန်းရင်း ဆိုသည်။ အရသာမျိုးစုံရပြီး ပဲငါးမုန့်က အကောင်းဆုံးလို့ ဟျောင်းကပြောတယ်။

" စားကြမယ်လေ "

" အိုကေ! "

လက်ညိုးနဲ့ လက်မအား အသုံးပြု၍
'OK sign'ပြလျက် ‌ဆိုင်သို့ ဦးတည်သွားတဲ့ ဟီးဆွန်းဟာ တကယ့်ကို
Boyfriend material လေး။

ကျယ်ပြန့်လှတဲ့ ကျောပြင်နဲ့ ခပ်အုပ်အုပ်ဆံပင်လေးတွေ၊ တစ်ဆက်ထဲမှာပဲ ပျိုမဒီလေးတွေရဲ့ အကြည့်ကို ဖမ်းစားနိုင်နဲ့ ရှည်လျားတဲ့ အရပ်။ သွယ်လှတဲ့ လက်ချောင်းလေးတွေက အရွယ်အစားမျိုးစုံဝတ်ထားတဲ့ လက်စွပ်တွေရဲ့ ‌ဈေးနှုန်းက လန်ပြန်လို့။

ဒီလူကို ရည်းစားတော်ထားတဲ့ ရီခီက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးဖြစ်လိမ့်မယ်..။

" ရော့ ရီခီ.. "

လက်ထဲရောက်လာတဲ့ ငါးပေါင်မုန့်လေးဟာ ဟီးဆွန်း ကိုယ်တိုင်ပေးလို့လားတော့ မသိချစ်စရာကောင်းလို့။

" ဂိုမာဝေါ ဟျောင်း~~ "

ရည်းစားဖြစ်တော့မှသာ 'ခများ' ဆိုတဲ့အသုံးအနှုန်း ကြီးရပ်သွားတာ။ အဲ့လိုမှန်းသိရင် စောစောရည်းစားဖြစ်ခဲ့ပါတယ်ကွာ!

𝗖𝗢𝗩𝗘𝗥 | 𝗛𝗘𝗘𝗞𝗜 ✓Where stories live. Discover now