"ငါ သူ့ကို ပြန်တွေ့ချင်တယ်ဟာ ဒီတွေ့ဆုံပွဲမှာ ပြန်တွေ့ရမယ်လို့ ထင်နေတယ် သူအလုပ်မအားတာ သိပေမဲ့ လာစေချင်တယ်"
"နင်ထင်နေရင် လာမှာပါ စောစောနားတော့ မနက်ကျမှ မျက်ကွင်းတွေ ညိုနေလို့ သူလာရင်တောင် မတွေ့ရဲဘူးဖြစ်နေမယ်"
"အွန်း အွန်း အိပ်တော့မယ်"
မြတ်နဲ့ စကားပြောပြီးတော့ ဘာမှမရှိတဲ့ သူ့accထဲ တစ်ချက်ဝင်ကြည့်ပြီး online ပိတ်ကာ အိပ်ဖို့ပြင်ရသည်။သူလာမယ်ထင်နေပေမဲ့ လာပါ့မလား မသေချာ။မနက်ဖြန် အလုပ်ရှိတာကို တကူးတကကြီး ခွင့်ရက်ယူရမှာဆိုတော့ သူလာပါ့မလား။အိပ်ဖို့ပြင်ရင်း အတွေးတွေက တောင်စဉ်ရေမရတွေးမိတော့ အဆိုးဘက်ပဲ ဦးတည်နေတာမို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ချွန်းအုပ်လို့ ဆေးအကူအညီသာယူရင်း အိပ်ပျော်အောင် ကြိုးစားရတော့သည်။ညဘက် အိပ်မပျော်တာက ဒီရက်ပိုင်းမှာ ဆက်တိုက်ဖြစ်လာတာမို့ အိပ်ပျော်ဖို့အတွက် ဆေးကူနေခဲ့ရတာ ကြာပြီ။
*Ringtone~~*
အိပ်နေရင်း ဖုန်းသံကြားလို့ ကြည့်မိတော့ ခေါ်သူက မာတာမိခင်။အချိန်အားဖြင့်က ၉နာရီ။ညက ဆေးသောက်ပြီး အိပ်တာတောင် ဟိုတွေးဒီတွေးနဲ့မို့ တော်တော်လေးနောက်ကျမှ အိပ်လို့ရတယ်။အအိပ်မက်တတ်သူမို့ ညက နောက်ကျမှ အိပ်တော့ ခုထိ အိပ်ရေးက မဝချင်။အအိပ်မက်သူက ဘာလို့ ညဘက်တွေ အိပ်မပျော်တာလဲက တွေးစရာတော့ရှိသား။ဆယ်ကျော်သက်အရွယ်က ဒီလိုပဲနေမှာပါ။
အသက်ကြီးလာတာ ပင်ပန်းတယ်ဆိုတာကို ၁၈နှစ်မှာတည်းက တွေးတတ်နေပြီ။ရှေ့လျှောက် အသက်ရှင်ဖို့ တော်တော်လေး ကြိုးစားရဦးမယ်ထင်တယ်။
"ဟယ်လို မာမား ပြော"
"မနိုးသေးဘူးလား ထတော့လေ ကျောင်းက ပွဲရှိတယ်ဆို မနက်စာစားပြီးမှလဲ သွားဦး"
"ရတယ် ပွဲက ၃နာရီမှ စမှာ ၁၂လောက်မှ ရေချိုးပြီး သူငယ်ချင်းတွေနဲ့ ၂နာရီလောက်ကျ ချိန်းထားတယ် တူတူသွားဖို့"
"အေးအေး အဲ့တာဆိုလဲ မျက်နှာသစ်ပြီး မနက်စာလေးတော့ ထစားဦး ပွဲပဲသွားနော် စားပဲစား သောက်မလာနဲ့ မိဘအိမ်မှာမဟုတ်ဘူးဆိုတိုင်း လုပ်ချင်တိုင်းလုပ်မနေနဲ့နော် ကိုယ့်ကိုယ်ကို ပြန်ထိန်း"
YOU ARE READING
စီနီယာကိုချစ်မိနေတယ်
Romanceဆက်ရေးဖြစ်မလားမသိပေမဲ့ အရမ်းရေးချင်စိတ်ဖြစ်နေလို့ အသစ်ကနေ ပြန်စမိပြန်ပြီ။