"ဟေး ဟန်ရောက်ပြီ"
"ရောက်ဦးမှပဲ သူပြောတော့ဖြင့် 2:10 နောက်ဆုံးတဲ့ နာရီလဲကြည့်ဦး"
ရောက်ရောက်ချင်း ကိုမြတ်မင်းက ရန်တွေ့သည်။
"အမယ် မကြည့်တတ်တာ အကို။ နာရီလဲ ကြည့်ဦး ခုမှ 2:08 "
"ဘာပဲပြောပြော နောက်ကျတာက ကျတာပဲ သူများတွေစောင့်နေရတာ ကြာနေပြီ"
"အမယ် လူဖြင့်မစုံသေးပဲနဲ့"
"အေး ငါလဲ စိတ်မရှည်တော့ဘူး မစောင့်ပဲသွားကြမလား"
"1:45တည်းက ရောက်နေတဲ့ ငါ့လဲ အားနာကြပါဦး"
ဘယ်တော့ပဲဖြစ်ဖြစ် ဘယ်ပဲသွားသွား ချိန်းလိုက်တိုင်း ကြိုရောက်တတ်တဲ့ ပိုင်ထက်က ထပြောလေသည်။
"မမေသူရော မရောက်သေးဘူးလား"
"ဖုန်းဆက်ထားတယ် လာပြီတဲ့"
"ကိုထက်လျှမ်းရော"
"အေး သူကျန်သေးတယ် ဖုန်းခေါ်ကြည့်ကြပါဦး"
"အွန်း အယ် ကိုအာကာဖုန်းခေါ်ထားတယ်တော့်"
လိုင်းဖွင့်တော့ ကိုအာကာ့miss callတွေ့တာကြောင့် ပြန်ခေါ်လိုက်သည်။ကိုမြတ်မင်းတို့ကလဲ ကိုထက်လျှမ်းကို ဖုန်းခေါ်နေလေသည်။
"ဟယ်လို ကိုအာကာ ဖုန်းခေါ်ထားလို့။ဘယ်ရောက်ပြီလဲ ညီမတို့ စောင့်ရဦးမလား"
"မစောင်နဲ့တော့ မမြတ်သော်တာဟန်။ကျွန်တော် ခုမှ Hotel မှာ Ferry က မထွက်သေးလို့ စောင့်နေတာ"
"အလုပ်ရှိတဲ့လူတွေများ သာပါတယ်။အွန်းအွန်း အဲ့တာဆို ဖုန်းချလိုက်ပြီနော် ပွဲမှာပဲ ပြန်တွေ့ကြမယ်။သီချင်းဆိုမှာမလား တွေးပြီးပြီလား"
ကိုအာကာက ကိုယ်တွေအဖွဲ့ထဲမှာ သင်တန်းတက်နေရင်း အလုပ်တန်းရသွားသည်မို့ ခုလိုပြောလိုက်ခြင်းပင်။သင်တန်းပြီးရင် ရမှာပဲဆိုကာ ကိုယ်တွေက အလေလိုက်နေသလောက် ကိုအာကာက ကြိုးစားသည်။တကယ့်ကို အားကျဖို့ကောင်းလောက်အောင်ကို cooking ပိုင်းမှာ passionate ဖြစ်လွန်းသည်။သီချင်းဆိုတာကိုလဲ ဝါသနာပါတဲ့ အကိုက ပွဲမှာ သီချင်းဆိုလို့ရရင် ဆိုချင်တယ်ဆိုလို့ မေးကြည့်တော့
YOU ARE READING
စီနီယာကိုချစ်မိနေတယ်
Romanceဆက်ရေးဖြစ်မလားမသိပေမဲ့ အရမ်းရေးချင်စိတ်ဖြစ်နေလို့ အသစ်ကနေ ပြန်စမိပြန်ပြီ။