˗ˋˏ 오 ! 안녕 ˎˊ-

968 74 3
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

↷ : ⊹ 𓂃𓄹

°

[ - 수많은 외침도

အကြိမ်​​ပေါင်းများစွာ အော်ဟစ်နေတာတောင်မှပဲ

- 서로의 맘엔 닿지 못한 채

ငါတို့ နှလုံးသားချင်း နားမလည်နိုင်ကြတဲ့အခါ

- 그렇게 흘러가기도 했지만 ...

ဒီအတိုင်း​​လေးပဲ လွင့်မျောသွားခဲ့ရတယ် .. ]

_____

- >

တစ်ရက်တာရဲ့ အလင်းရောင်အား ဆောင်ကျဉ်းပေးတတ်လျက်ရှိသော နေစွမ်းအင်သည် တစ်စထက် တစ်စ ဖြည်းညှင်းစွာ လျော့ပါးလာပုံမှာ ညနေစောင်းကို ကျော်လွန်၍ ညဦးပိုင်းသို့ ကူးပြောင်းလာလေပြီဖြစ်ကြောင်း အသံတိတ်ဖော်ပြနေသလိုပါပင်။

အထပ်တိုင်းလိုလို၌ အရည်အသွေးပြည့် ပုလဲရောင် တလဲ့လဲ့ လက်နေသည့် ကြွေပြားချပ်များကိုသာ စနစ်တကျ စီမံ၍ အစီအရီချခင်းထားသော အဆောက်အဦးမြင့်တစ်ခု ..။

ထို့အပြင် အရွယ်အစား ကြီးမားခန့်ထည်သော ရှေးဟောင်းခေတ်ဟန် အနွယ်အကိုင်းအခက်များပါသည့် လင်းထိန်ထိန် မီးဆိုင်းများကိုလည်း ခေတ်နှင့်အညီ သွေဖယ်ခြင်း မရှိစွာ အများတကာ ကြည့်ရှူရ လှပစေရန်အတွက် အထူးမွမ်းမံထားပါသော ဤနေရာ ..။

ထိုကဲ့သို့သော ကွန်ဒိုကြီး၏ ကိုးထပ်မြောက် အလွှာ၌ ..။

ကတ္တီပါ ကော်ဇောညိုညို လူသွားလမ်းပေါ်တွင်တော့ အချိန်အတော်ကြာညောင်းနေပြီဖြစ်သည့်တိုင် အချေအတင်ဖြစ်၍ မပြီးနိုင်ကြသေးသော အမျိုးသားနှစ်ဦး၏ ခြေသံများ ရှိနေကြသည်။

အနောက်တိုင်းဝတ်စုံပြည့်များဖြင့် နှစ်ဦးသားလုံးသည် တစ်စုံတစ်ခုအား အပြင်းအထန် ညှိနှိုင်းနေရာမှ စ၍ ၊

ရုတ်တရက် ထလောင်သည့် နီရဲမီးတောက်အလား ဒေါကြီးမောကြီးပုံစံများ အဖြစ်သို့ မာန်အပြည့်ဖြင့် ပြောင်းလဲကာ သွားကြသည်။

အထူးသဖြင့် ဆိုရလျှင် လည်တိုင်တစ်ဝက်အပေါ် ဖုံးနေသော ခပ်အုပ်အုပ် ဆံပင်ဝဲများ၏ ပိုင်ရှင်
အမျိုးသားပင် ဖြစ်သည်။

𝖮𝖧!𝖧𝖤𝖸 𝖳𝖧𝖤𝖱𝖤 | 멍냥즈 Where stories live. Discover now