"ချောယုနိုင် နော်မင်းက"
ခေါင်းစခြေဆုံး ဘရန်းထည်တွေသာ ဝတ်ထားသည့် သတ်လက်ပိုင်းအမျိုးသမီး၏မေးခွန်းကို သူယောင်အမ်းအမ်းဖြင့်သာ ခေါင်းညိတ်ပြလိုက်ရသည်။ အမှန်အတိုင်းပြောရလျှင် အင်တာဗျူးအောင်သည်ဆိုသည့်စကားကြောင့်သာ ဒီနေရာကိုရောက်သာလာရသည်။ သူဘာမျှသေချာမသိသေး။ သို့သော် သူအသံသွင်းရမည်ဆိုသည်ကိုတော့သိသည်။ ပိုတိကျရလျှင် မိန်းကလေးချင်းလိင်တူကြိုက်ကြသည့် ဇာတ်လမ်းများကို အသံသွင်းရမည်ဖြစ်သည်။ မည်သည်ကို အသံသွင်းရသွင်းရ သူခေါင်းထဲထည့်မတွက်ထားပေ။ အသံသွင်းပေးရုံနှင့် လစာကောင်းသည်ဆိုသည့် အချက်တစ်ချက်တည်းကသာ သူ့ခေါင်းထဲရှိသည့်အချက်ဖြစ်သည်။
"မင်း အသံအရင်စမ်းကြည့်ကြမလား။ အင်တာဗျူးမှာတော့ကြားပြီးသားပေမဲ့ အခုကကျင့်သားရအောင်ပေါ့"
နာရီကိုလှမ်းကြည့်လိုက်တော့ ချိန်းထားသည်ထက်ပင် နာရီဝက်ကျော်နေပြီဖြစ်သည်။ အလုပ်မစသေးသည့်အပြင် အသံအရင်စမ်းကြည့်ဖို့ပင်ဖြစ်လာရသည်။ သူမျက်လုံးကစားလိုက်သလောက်တော့
အသံစသွင်းကြဖို့က အကုန်အဆင်သင့်ဖြစ်နေပြီ။ ဘာကြောင့် အချိန်ဆွဲနေကြသည်ကိုစဉ်းစားမရ။ သို့သော် လူသစ်ဖြစ်သည့် အပြင် ကိုယ်လိုသာမန်အသံရှင်ကို အလုပ်ပေးခေါ်သည့်ရုံးကို မေးခွန်းပြန်မထုတ်ရဲ။
"ဒီလိုင်းလေးကနေစရွတ်ကြည့်နော်၊ ဒါနဲ့မင်း ဒီဇာတ်လမ်းကိုလည်း အစအဆုံးတော့ဖတ်ပြီးပါပြီနော်"
အစောပိုင်းက မိန်းမပင်ဖြစ်သည်။ သူမေးသည့်မေးခွန်းကို 'ဖတ်ပြီးပါပြီ' ဟုသာဖြေလိုက်ပေမဲ့ လက်တွေ့မှာ သူစာမျက်နှာ သုံးလေးရွက်လောက်သာလှန်ကြည့်ခဲ့တာဖြစ်သည်။ အင်တာဗျူးလာဖြေတုန်းကလေ့ကျင့်ခဲ့သည့် စာရွက်တွေကိုပါထည့်ပေါင်းမှ သူဖတ်ပြီးသည်မှာ ဆယ်ရွက်လောက်သာရှိဦးမည်။ သူလည်ချောင်းရှင်းပြီးနောက် လက်ထဲမှာကိုင်ထားသည့်စာရွက်ကိုငုံ့ ကြည့်ရင်း ဒိုင်ယာလော့များကို စရွတ်ကြည့်လိုက်သည်။
"ငါနင်နဲ့တွေ့ရဖို့ ဒီအထိလိုက်လာရတာ"
ဒိုင်ယာလော့များကဖတ်ရသလောက်တော့ နေရာမတူသည့် ရည်းစားဖြစ်သူဆီကို လိုက်တွေ့သည့် ပုံစံပင်။
YOU ARE READING
Empty Basket
RomanceA love story between two girl love voice actresses. Myanmar GL Cover photo is not mine and credit goes to the owner!!