ရန်ကုန်မြို့၏ မှောင်ရည်စပျိုးချိန်
အချိန်အားဖြင့် ၆:၄၅မိနစ်အိမ်ပေါ်ထပ်သို့ မျှော်လင့်ခြင်းခြေလှမ်းများဖြင့်လှမ်းနေမိသည်
သူမများစာပြန်မလား စိတ်အရမ်းလှုပ်ရှားနေမိ၏အိပ်ခန်းထဲရောက်ရောက်ချင်း အားသွင်းထားတဲ့ဖုန်းအားဖြုတ်ပြီးကြည့်မိသည်
အင်းးးးသူစာတော့ဝင်ဖတ်သွားပုံပဲ ကျေနပ်သလိုလိုနဲ့ မကျေမနပ်ဖြစ်မိ၏
စာမပြန်ဘူးးး"
ထိုချိန် Facebook မှ Friend Request ကို accept လုပ်ကြောင့် Noti ဝင်လာမှ အနည်းငယ်ကျေနပ်မိ၏
နောက်တစ်နေ့.......
စကားသွားပြောရင်ကောင်းမလား
အချေခံရမလား
သူမနှင့် ferry ကား တူတူစီးတဲ့ သူငယ်ချင်းထဲမှ သိပ်မာနာကြီးကြောင်း ကြားသိခဲ့ဖူး၏
အမှန်လည်းဟုတ်ပေ၏ သူမ၏မျက်နှာဟာအမြဲလိုလိုတည်နေတတ်၏
ယောက်ျားလေးသူငယ်ချင်းဆိူလည်း မရှိသလောက်ရှားသည်
____________________________လက်များလေးလံစွာနှင့်
In chat
Hi
Inn hi
ငါ့ကိုမှတ်မိလား
Fri req လက်ခံခိုင်းတဲ့
တျောက်မလား
အေဟုတ်တယ်ဟ
ခင်ချင်လို့ရတယ်မလား
အာ...ရပါတယ်
ငါကမင်းခန့်
ငါကမီ
ငါဆင်းတော့မယ် စာ
လုပ်ရဦးမှာမို့
အေး"တာ့တာနော်
အင်း
____________________________
နေပါဦး ခုကဘာလဲ အချေခံလိုက်ရတာလား
ဘာတွေလဲ
မီရယ် ဘယ်လိုများဖမ်းစားထားတာကွာ!!
ကိုယ့်ကိုချေမိုးသွားတာတောင် စိတ်မဆိုးရက် အဟိ
မီရေ စောက်ရမ်းချစ်မိသွားပြီဗျို့
____________________________
အချိန်တွေကြာလာသည်နှင့်အမျှ နှစ်ယောက်သားအတော်ပက်ခင်မင်လာခဲ့၏ တနေ့.....
၁၈.၈.၂၀၂၀(အရဲစွန့်ခဲ့သည့်နေ့)မီ
ဝေ့
ဟို...ပြောစရာ ရှိ..ရှိလို့
အေ့ပြောလေ
ငါ..ငါ ငါနင့်ကိုချစ်တယ်
ဟမ် ဘာ!
စဉ်းစားပေးပါဟာ နော်"
အေး...အေးပါဟာ
ဆင်းဦးမယ်
ဪအေ"
____________________________
ထိုနေ့မှစ၍ နှစ်ယောက်သားကြားစကားပြောကြဲသွားခဲ့ကြလေသည်။
သူစိတ်များဆိုးသွားလေသလား
ငါဖွင့်ပြောမိတာမှားသွားသလား
ဘယ်သူသိမလဲ ထိုအမျိုးသမီးလေးရင်ခုန်သွားတယ်ဆိုတာကိုလေ
____________________________
၂၁.၁၁.၂၀၂၀အရဲစွန့်၍အဖြေတောင်းမိ၏
မီ.....
ရှ..ရှင်
(ရှင်တဲ့ သိပ်ကြည်နူးမိတာဗျာ)
အဖြေပေးပါတော့လားဗျာ
၃လတောင်ကျော်ပြီလေနော်
ငါက အရမ်းရစ်တယ်
နော်စိတ်လည်းအရမ်း
ကောက်တတ်တာ
ရပါတယ်ဗျာ ချော့မယ်
အရစ်လည်းခံမယ်
ရတယ်"အေးဆေး"
အိုကေလေ တစ်လအ
စမ်းတွဲတာပေါ့
ဟမ် တစ်လ?
ရပါတယ်"
အဆင်ပြေရင်ဆက်
တွဲမယ်မလား
အင်း
ဆင်းပြီ
ချစ်တယ်နော်
အင်းချစ်တယ်
____________________________
ထိုအမျိုးသားငယ်ဟာ အမျိုးသမီးငယ်လေးအားအရမ်းချစ်ပေမဲ့ သူပေးခဲ့တဲ့ကတိက ပေါ့ပေါ့ဆဆပြောလိုက်တယ်ဆိုတာရယ်
အမျိုးသမီးလေးက ထိုအမျိုးသားအား ရှိသမျှမာန ကို ကျောခိုင်းလိုက်သည်ထိ ချစ်မိသွားမယ်ဆိုတာ အဘယ်သူသိမည်နည်း
____________________________
အကို အကိုကသိပ်ဟန်ဆောင်ကောင်းပြီးသိပ်နေနိုင်တယ် ငယ့်ကို လိမ်တယ် အကို့ကိုမုန်းချင်ပါသော်လည်း မမုန်းနိုင်ပေ
အကို့စကားကို မယုံခဲ့မိရင်ကောင်းမယ်
အရမ်းချစ်တယ် ကိုကို
***************************************ပေါ့သွားတယ်စင့် သည်းခံဖတ်ပေးပါ
မအားလို့မတင်ဖြစ်တာပါစင်🙏🏻🥺
YOU ARE READING
ကျောခိုင်းခဲ့သော မာနအချို့
Fantasyမာနကို ဘုရားလို့ကိုးကွယ်တဲ့ငါက နင်နဲ့တွေ့မှ မာနတွေကို ကျောခိုင်းခဲ့တာ......