!!
This is my first story.I wrote this story for someone who really special for me tonight and more nights.
Plz forgive me if I do some mistakes.Let's Start!>>>>>>>>>>>>>>>>
"Hello"
"Hello ဘယ်သူလဲမသိ!..."
"အေး Jimmy ငါလေ ကော်ဖီဆိုင်မှာ
အခုပိုက်ဆံအိတ်မေ့ခဲ့လို့ ငွေနည်းနည်းလွဲပေးပါဦး"" ဟိုလေ လူမှားနေပါတယ်ဗျ"
"ဟင်" လို့တစ်ခွန်းပြောပြီး တစ်ဖက်ကငြိမ်ကျသွားသည်ကို Bible စိတ်ရှည်ရှည်စောင့်နေ၏။
"Hello ကြားလား လူမှားနေတယ်လို့"
"အာ ဟုတ်" တောင်းပန်ပါတယ်ဗျ"
ပြောပြီးသည်နှင့်တစ်ခါတည်း ဖုန်းတန်းချသွား၏။
ဘယ်လိုဟာလေးမှန်းမသိ ဆိုင်လာထိုင်တာ ပိုက်ဆံအိတ်မေ့ခဲ့သည်တဲ့၊ပြီးကော ဖုန်းနံပါတ်ပါမှားဆက်သေးတယ်။စဉ်းစားနေရင်းမှ တော်ကြာပိုက်ဆံမရှိလို့ဒုက္ခရောက်နေမယ့် ပုံစံလေးက ဘယ်လိုများနေမလဲလို့စိတ်ကူးထဲ ပုံဖော်ကြည့်မိ၏။တကယ်ပါပဲ မျက်နှာကို မမြင်ဖူးရုံမက သူ့အကြောင်းဘာတစ်ခုမှမသိတာတောင် စိုးရိမ်ပူပန်နေမိသေးသည်။
တွေးရင်းတွေးရင်း မနေနိုင်တော့တာမို့ ခုနကဆက်တဲ့ နံပါတ်ကိုပြန်ဆက်လိုက်၏။ ဟေ့ဟေ့ ဒီဟာလေးကြောင့် အထူးအဆန်းတွေ ထလုပ်နေမိပြီ။
"Hello"
"ဘယ်လောက်လိုတာလဲ"
"ဟင်!"
"မေးနေတယ်လေ"
"အာ နည်းနည်းလောက်ပါပဲ"
"ခနစောင့်"
"ဟုတ်"
ကော်ဖီတစ်ထိုင်စာလောက်ကိုခန့်မှန်းပြီးလွဲပေးလိုက်၏၊။ ခနနေတော့ တစ်ဖက်က ဖုန်းပြန်ခေါ်လာသည်။
" အဆင်ပြေသွားပြီ ကျေးဇူးနော်
Bui အိမ်ရောက်ရင် ပြန်လွဲပေးပါ့မယ်""ရပါတယ် အေးဆေးလုပ်ပါ"
"ဟုတ်ကဲ့ ဟီး ကျေးဇူးအများကြီးနော်"
"အင်း"
"ဒါဆိုဒါပဲနော် Bye'' "
"Bye"
~~~~~~~~~~~~~~~~~~~~~~~~
"Bui" တဲ့၊ အသံကလေးက အူယားစရာလေးဖြစ်သလို့ နာမည်ကလည်း ချစ်စရာကောင်း၏။
လူလည်း အူယားစရာလေးဖြစ်နေပါလိမ့်မည်။
ကိုယ်မသိတဲ့ လူတစ်ယောက်အကြောင်းကို
တွေးရင်း Bible တစ်ယောက် အသိစိတ်လွတ်နေသလိုမျိုး ပြုံးနေမိ၏၊ ဒါပေမယ့် Bui က သူ့အကြွေးသာ ပြန်ဆပ်ပြီးရင် ဇာတ်လမ်းက ပြီးသွားမှာကို
တွေးရင်း စိတ်ညစ်သွား၏။
YOU ARE READING
One Short (BBB)
Fanfictionjust fanfic. I'm not an author but it's all my imagination.Have fan!!