Part-1

282 27 2
                                    

(Unicode)

ငြိမ့်ညောင်းကာ သာယာဖွယ်ရှိသည့် သံစဉ်တွေနဲ့အတူ ပျော်တော်ဆက်မယ်လေးများနှင့် စားတော်ပွဲတည်ခင်းနေသည့်ဘုရင်မင်းမြတ် Iva Nolan...

တစ်ဖက်စားပွဲတွင်ရှိနေသည့်
သားတော်သည်လည်း အဖေ့နည်းတူသာ။ ပေါင်ပေါ်တွင် မိန်းမပျိုလေးတစ်ဦးကိုပွေ့ဖက်ထားကာ
လည်တိုင်ကိုနမ်းနေ၏။
မကြာလိုက်ပါ။ ထို မင်းသားလေး၏ မျက်ဝန်းတွေဟာ အနီရောင်သို့ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်တည်းပင် သွားတစ်ဖက်စီမှ အစွယ်နှစ်ခုထွက်လာကာ ခုနက သူ နမ်းရှုံ့နေတဲ့ မိန်းမပျိုလေး၏ လည်တိုင်ကို အစွယ်ဖြင့်ကိုက်ကာ
ထွက်လာသည့် သွေးတွေအား စုပ်ယူသောက်သုံးလေ၏။

အသက်မဲ့သွားရပြန်သည့် နောက်ထပ် မိန်းမပျိုလေးဟုဆိုမည်ဆိုလည်းမမှား။ အဘယ်ကြောင့်ဆို သူ့ခြေတော်ရင်းတွင်မူ မိန်းမပျိုလေးတွေ အတုန်းအရုန်း ‌အသက်မဲ့နေသည်လေ။

ထိုအခါ လက်ခုပ်သံနှင့်အတူ ဂုဏ်ယူစွာရယ်မောနေတဲ့ ဖခမည်းတော်
Iva ထံက စကားသံ။

"ငါ့ရဲ့ သားတော်။ အတော်ကို ခွန်အား ကြီးလာပြီပဲ"

မဲ့ပြုံးလေးပြုံးရင်း နှုတ်ခမ်းထက်က သွေးစလေးတွေကို ပုဝါစလေးနဲ့သုတ်လေသည်။ ဖခမည်းတော်၏ ချီးကျူးစကားကြောင့်
သူ ပြုံးလေ၏။
သူ့ရဲ့အစွမ်းဟာ မကောင်းတဲ့အရာတွေဆိုတာ တစ်နေ့တခြား မေ့ပျောက်နေလေရဲ့။

"မေ့နေပြီလား ဖခမည်းတော်။
ကျွန်တော်သာ အခု လက်ဖျောက်တစ်ချက်တီးလိုက်ရင် အဖေ့နား
ပျော်တော်ဆက်နေတဲ့ မိန်းမတွေအကုန်ကြောက်လန့်ပြီး ထွက်ပြေးကုန်မယ်ဆိုတာ"

Iva သည်သူ့ရဲ့သားတော်၏ အစွမ်းကိုခပ်လန့်လန့်ဖြစ်လာရပေမဲ့ သွေးသားရင်းလေးဖြစ်နေတာကြောင့် သူ့အသက်ထက်ကို ချစ်မြတ်နိုးလေသည်။သူ့ရဲ့သားတော်လေး ဘာလုပ်လုပ်ပြုံးပြီး သဘောတွေ့နေတတ်သူပင်။
အခုပင်ကြည့် မိန်းမပျိုလေးတွေအား အိပ်ငွေ့ချကာ လူသတ်ပွဲကြီး ဆင်နွှဲနေသည်လေ။ ဒါကလည်း
သားဖြစ်သူလေးရဲ့ ဆာလောင်မှုကို ဖြည့်စည်းပေးမဲ့ အရာအတွက်ကြောင့်ပင်ဖြစ်သည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Dec 01, 2023 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Kissing In The Moonlight Dove le storie prendono vita. Scoprilo ora