လေပြေလေးတိုးဝှေ့တိုက်လိုက်တိုင်း မြေနံ့သင်းသင်း ပါလာတတ်တာဟာ ပတ်ဝန်းကျင်မှာရှိတဲ့ တရားခံဖြစ်ပုံရတဲ့ ကန်ရေကြောင့်။
ကန်နဘေးထိုင်နေရင်း ချမ်းစိမ့်စိမ့်ခံစားရမိသည့်တိုင်အောင် ဟိုးအရင်ကအတိတ်နေ့စွဲများဆီသို့ လက်ပစ်ကူးမိဆဲ။
လွန်ခဲ့တဲ့ဆယ်နှစ်...
အချိန်တေတဖြည်းဖြည်းကုန်ဆုံးသွားလိုက်တာများ ဆယ်စုနှစ်တစ်စုတောင် ရှိခဲ့ပြီ။
ဆယ်နှစ်ဆိုတဲ့အချိန်ကာလအတွင်း အရာအားလုံးနီးပါးဟာ ပြောင်းလဲသွားခဲ့ပြီ။
ကျွန်တော်တို့အသက်တေကြီးလာတယ်။
အလုပ်အကိုင်တွေကိုယ်စီနဲ့ဖြစ်လာကြတယ်။
ကိုယ့်ရည်မှန်းချက်အတွက် ရေခြားမြေခြား ပညာသွားသင်သူသင်ကြတယ်။
အလုပ်သွားလုပ်သူသွားလုပ်ကြတယ်။အတိတ်ကကျွန်တော်တို့ ပေါင်းသင်းခဲ့ရတဲ့ မိတ်ဆွေတွေနဲ့ ခွဲခွာခဲ့ရတာတွေရှိတယ်။
ယခုလက်ရှိမှာလည်း မိတ်ဆွေအသစ်တွေနဲ့ ပေါင်းသင်းနေကြရတာတွေရှိတယ်။
နှစ်ဆယ့်ရှစ်နှစ်ဆိုတဲ့ ကျွန်တော်တို့အရွယ်ဟာ လောကဓံတရားတွေကို ရင်ဆိုင်သင့်သလောက် ရင်ဆိုင်ခဲ့ရပြီးပြီ။
အချစ်တဲ့..
လူတစ်ချို့က အချစ်ကိုယ်စီနဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နေကြပြီ။
လူရယ်လို့ဖြစ်လာပြီးတဲ့နောက်မှာတော့ လူတွေဟာ
ချစ်တတ်လာကြမယ်
မုန်းတတ်လာကြမယ်ဒါတွေဟာမထူးဆန်းပါဘူး။
ကျွန်တော်လည်းလူတွေထဲကလူတစ်ယောက်ပါပဲ။
ကျွန်တော့်မှာ ချစ်တတ် မုန်းတတ်တဲ့ နှလုံးသားလေး တစ်ခုရှိတယ်။
ဒါဆို ကျွန်တော့ရဲ့ ချစ်တတ်တဲ့
"နှလုံးသားပိုင်ရှင်" လေးကရော ဘယ်ဆီကိုများရောက်နေပါလိမ့်။ကျွန်တော့်နှလုံးသားပိုင်ရှင်လေး ခုချိန်ဘာအလုပ်တေများလုပ်နေပါလိမ့်။
YOU ARE READING
နှလုံးသားပိုင်ရှင်
Fanfictionနှလုံးသားလေးကိုရှာတွေ့ခဲ့ပေမဲ့ အဲ့ဒီနှလုံးသားလေးက "ပိုင်ရှင်"ရှိနေသတဲ့လား.....