ဆိုးလ်မြို့ရဲ့ လမ်းမ တစ်ခုထက်ပေါ်က ကားပေါင်းများစွာရဲ့ တစ်စီးတည်းသောအနီရောင်ကားလေးပေါ်မှာ အတွေးကိုယ်စီနဲ့ကောင်လေးနှစ်ရောက်ရှိနေသည်လေ။
ကောင်းမောင်းနေတဲ့ကောင်လေးကရောဘာတွေတွေးလို့
ဘေးမှပါလာတဲ့ ကောင်လေးကရော ဘာတွေများတွေးနေမှာပါလိမ့်။
သေချာသလောက်ကတော့ လူနှစ်ယောက်ရဲ့အတွေးတွေဆိုတာ တူညီနိုင်ဖို့ခဲယဉ်းမယ်ထင်ပါတယ်။
"အကို"
"ဟင် ဂျွန်မြောင်လေး ပြောလေ"
"အကို့ကိုလေ ကျွန်တော် တောင်းပန်ပါတယ် ပြီးတော့ အားလည်းအားနာပါတယ် ကျွန်တော်လေ.."
"ဘာဖြစ်လို့လဲ ဂျွန်မြောင် "
"ဟို ဘာမှမဟုတ်တော့ပါဘူး အစ်ကို
ထားလိုက်ပါတော့"အီဟွာ သူ့ဘေးကနေ မရဲတရဲနဲ့စကားပြောနေတဲ့ ကောင်လေးကိုကြည့်လိုက်သည်။
ဒီနေ့ ဂျွန်မြောင့်ကို ကျွန်တော့အိမ်ကိုခေါ်ပြီး အဖေအမေတို့နဲ့ပေးတွေ့ဖြစ်တယ်။
အိမ်ကသူတွေကတော့ဂျွန်မြောင့်ကိုအငယ်လေးကတည်းကချစ်ခဲ့ကြတာဆိုတော့ အနေရခက်စရာတွေတစ်ခုမှမရှိခဲ့တာ။
ဒါပေမဲ့ ဂျွန်မြောင်လေးမျက်နှာ တစ်ချိန်လုံးမကောင်းတာကိုတော့ သတိထားမိပါသည်။
ချစ်ရသည်လေ ဒီကလေးကို ကျွန်တော် အငယ်ကတည်းက ချစ်ခဲ့ရတာ။
ကျွန်တော် ငါးနှစ်အရွယ်မယ် အသက်သုံးနှစ်သာရှိသေးတဲ့ကောင်လေး
တီတီတာတာလေးတွေပြောပြီး ကျွန်တော့ကိုအရမ်းခင်တွယ်ခဲ့တာ။
ကျွန်တော်ဘယ်ထင်ခဲ့ပါ့မလဲ
သူ့ရဲ့နူးညံ့မှု ဆူး တွေက ကျွန်တော့ရင်ကို တစ်စတစ်စစူးစိုက်နေတာကို။
အထိခိုက်မခံခဲ့ရလောက်အောင် မြတ်နိုးခဲ့တာ။
မျက်နှာတစ်ချက်ညှိုးတာနဲ့ မနေနိုင်မထိုင်နိုင် ဖြစ်ခဲ့ရတာလည်း ကျွန်တော်ပါဘဲ။
နေ့စဉ်နေ့တိုင်း ဒီကလေးရဲ့ အသံတီတီတာတာလေးတွေကို ကြားချင်ခဲ့တာလည်းကျွန်တော်ပဲ။
YOU ARE READING
နှလုံးသားပိုင်ရှင်
Fanfictionနှလုံးသားလေးကိုရှာတွေ့ခဲ့ပေမဲ့ အဲ့ဒီနှလုံးသားလေးက "ပိုင်ရှင်"ရှိနေသတဲ့လား.....