Part -26

127 8 0
                                    

"ကြည်ဖြူနိုင်  ပေါက်ပေါက်ဗူး ငါတို့အတန်းကိုပေးအုံးဟ"

ဖြိုးပြည့် လေသံအုပ်အုပ်လေးနဲ့ပေါက်ပေါက်ဗူးတောင်းလိုက်သည်။

"စောက်အငတ်တွေရေ ကိုယ့်ဘာသာဝယ်စားကြပါလား"

မြန်စာအချိန်ဖြစ်၍ဆရာမကရှေ့ဆုံးခုံရှေ့မှာထိုင်ပြီးစာတွေရှင်းပြနေပေမယ့်တစ်ယောက်မှစိတ်မဝင်စားကာလုပ်ချင်တာလုပ်နေကြ၏။ကြည်ဖြူနိုင်နှင့်မြသက်ဝေကတော့အားလပ်ချိန်ဆင်းတုန်းကဝယ်ထားတဲ့ပေါက်ပေါက်ဗူးကိုခိုးစားနေကြသည်။ကြားထဲကအငတ်တသိုက်ကခိုးစားနေတာကိုဘယ်လိုကနေဘယ်လိုမြင်လဲမသိ၊သူတို့ကိုပါကျွေးရန်တောင်းစားနေလေပေ။သူတို့ကိုပေးလိုက်ပါကပေါက်ပေါက်ဗူးတော့ပြန်ရပါလိမ့်မည်။ပေါက်ပေါက်ကတော့တစ်ခုမှပြန်ပါလာမှာမဟုတ်ချေ။စေတနာ သဒ္ဒါတရားတစ်စက်မှမပါစွာပေါက်ပေါက်ဗူးလေးကိုလှမ်းပေးလိုက်ရသည်။

"အကုန်မစားနဲ့ပြန်ပေးနော်"

"အေးပါဟာ..."

တစ်အောင့်အကြာတော့မြန်မာဆရာမကလည်းအချိန်ပြည့်သွားပြီမို့ထွက်သွားလေသည်။ကြည်ဖြူနိုင်ကစိုက်ကြည့်နေသည်မို့စားနေတဲ့ပေါက်ပေါက်တောင်နင်သွားရပြီးပေါက်ပေါက်ဗူးအားဟိုကောင်တွေဆီကအတင်းလုပြီးပြန်ပေးလိုက်ရသည်။

"အား!...မသာတွေပေါက်ပေါက်ချန်ထားအုံးလို့ပြောထားတဲ့ဟာကို နှစ်ခုထဲပဲချန်ထားရလားဟဲ့"

"နင်ပဲချန်ထားအုံးလို့ပြောတယ်ငါတို့ချန်ထားတယ်လေဘယ်နဲ့ခုချန်ထားရမယ်လို့ပြောမှမပြောတဲ့ဟာကို နှစ်ခုဆိုတော့ကောနင်တို့နှစ်ယောက်နှစ်ခုဆိုတေခုစားလို့ရတာပဲ ဟုတ်တယ်မလားဟေ့ကောင်တွေ"

"ဟုတ်တယ်! !!"×3

"သေနာလေးတွေ နောက်ကနေဟာမိုနီတောင်လိုက်ပေးနေသေးတယ် အေး ကျောင်းဆင်းရင် နင်တို့လေးယောက်အသေပဲ!!"

"မုန့်ချန်ပေးထားအုန်း"လို့ပြောလို့နှစ်ခုချန်ပေးထားသည်တဲ့လေ၊သူကိုကအမှတ်မရှိသွားပေးမိလိုက်ခြင်းပေ၊သူများဆီကဆိုရတာအကုန်စားကာသတောင်းစားတွေသေလို့ဝင်စားထားသလားတောင်မသိ၊နောက်ဆရာမဝင်လာသည်မို့ရန်မဖြစ်မနေတော့ပဲဒီလောက်နဲ့ပဲတော်လိုက်ရသည်။နို့မို့ဆိုဒင်းတို့လေးယောက်အသေပင်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now