ပတ်ဝန်ဘင်းအတွက်တော့ ဆုန်းအွန်းဆော့ဆိုတဲ့လူသားဟာ ပထမဆုံးအချစ်မဟုတ်ခဲ့ရင်တောင် အရာအားလုံးနဲ့ကို လဲပြီးချစ်နိုင်တဲ့အထိ ချစ်ရတဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးလူတစ်ယောက်ဖြစ်သည်။
၀န်ဘင်းက အွန်းဆော့ကို အရမ်းသဘောကျတယ်
စတွေ့တဲ့ပုံရိပ်လေးကအစ ဘယ်တော့မှမမေ့သွားအောင်မှတ်ထားမိတဲ့အထိကို ချစ်တယ်...
ပုံမှန်ဆို ရှက်တတ်တဲ့ ၀န်ဘင်းက အွန်းဆော့ကို
မြင်လိုက်ပြီးထဲက သူတစ်ယောက်ထဲပိုင်ချင်တယ်
ဘယ်သူ့ကိုမှမပေးချင်ဘူး... အဲ့တာကြောင့်လဲ
သူကအရင်စပြီးကို ဖွင့်ပြောခဲ့တဲ့အထိပဲလေအွန်းဆော့ရဲ့ပုံစံကလား...အရပ်ရှည်ရှည်၊ အသားခပ်လတ်လတ်နဲ့ မျက်လုံးတွေက ကြည့်လို့ကောင်းလွန်းတယ်။ ပြုံးလိုက်တဲ့အခါတိုင်းလဲ တောက်ပနေပြီးတော့ ရွယ်တူကောင်မလေးတွေကြိုက်ကြတဲ့ ကာတွန်းစာအုပ်တွေထဲက အဓိကဇာတ်ဆောင်နဲ့ကိုတူလွန်းတယ်။
အွန်းဆော့တို့မိသားစု သူတို့အိမ်ဘေးကိုပြောင်းလာတုန်းက ၀န်ဘင်းအသက်က ၁၆နှစ်၊ ဘာရယ်မဟုတ် ဘေးအိမ်ကိုပြောင်းလာခဲ့တဲ့ မိသားစုအသစ်ရဲ့ပုံစံကို သူသိချင်စိတ်ဖြစ်တာမို့ အဲ့နေ့က ၀ရန်တာကနေ ကြည့်ခဲ့မိသည်။
အိမ်ပြောင်းလာခဲ့တဲ့မိသားစုအသစ်မှာ ပစ္စည်းတွေသယ်၊ချလုပ်နေတဲ့သူတွေကတော့ ဆူညံနေပေမဲ့ ကားပေါ်ကနေ ဆင်းလာခဲ့တဲ့ အွန်းဆော့ကတော့ ခပ်အေးအေးသာ ပါလာတဲ့ခွေးလေးကိုပိုက်ရင်း အိမ်ရှေ့က လှေကားထစ်မှာ ထိုင်နေခဲ့သည်။
အဲ့ထဲက သူ့အတွက်ဆုန်းဆွန်းဆော့ဆိုတဲ့သူက ဘာလို့ရယ်မှန်းမသိ စိတ်၀င်စားစရာကောင်းလွန်းတယ်... ၀န်ဘင်းသူ့အကြည့်တွေမခွာနိုင်တုန်းမှာပဲ
အွန်းဆော့ကလဲ သူရှိနေတဲ့၀ရန်တာပေါ် မော့ကြည့်လိုက်တဲ့အခါ နှစ်ယောက်သား
အကြည့်ချင်းဆုံမိသွားတယ်၁စက္ကန့်..၂စက္ကန့်...၃စက္ကန့်လောက်ကြည့်မိရုံလေးပေမဲ့ သူကြည့်နေတာ လူမိသွားတဲ့ ပတ်၀န်ဘင်းကတော့ ဆက်ကြည့်မနေနိုင်တော့ပဲ အခန်းထဲသာ
ပြန်၀င်ပြေးရတော့တယ်။
၀န်ဘင်းလဲ သူကြည့်နေတာ လူမိသွားပြီမို့ အပြင်လဲထပ်ပြီးမထွက်ချင်တော့တာနဲ့ ခုတင်ပေါ်မှာသာ snsကပိုစ့်တွေကြည့်ရင်းနဲ့ အိပ်ပျော်သွားတော့သည်။
YOU ARE READING
Castle in the Sky • seokbin
Fanfiction🌳 wonbin and eunseok met when eunseok's family moved next door to wonbin's. credit to the @bleukive for the clay alphabet that I used on the fic cover, just for the personal use and I won't be using anything else^^