Episode - 7

402 76 15
                                    

-🪽 -

"ထျန်းလန်းကို နမ်ဂျွန်းဟျောင်းသိလား"

"‌အင်း ဟျောင်းကြားဖူးသလောက်ဆိုရင် သုံးပြည်ထောင်စုခေတ်ကတည်းက ရှီလာရဲ့ အသေးဆုံးရွာပဲ"

"အဲ့ကတည်းကရှိတာလား"

အဝတ်သုံးထည်ကို ပြန့်နေအောင် ခေါက်ရင်း ဆော့ဂျင်ကမေးသည်။

"ဟုတ်တယ် ဟျောင်းတို့ရဲ့ ရှေးအကျဆုံးမျိုးနွယ်တွေ နေတဲ့ရွာလေ အဲ့ကတည်းက ဟျောင်းတို့မျိုးနွယ်တွေက မထင်မ‌ပေါ်နေခဲ့ရတာ"

ခေါင်းငြိမ့်ရင်း လွယ်အိတ်ထဲသို့ အင်္ကျီသုံးထည်၊ဘောင်းဘီသုံးထည်ကို ထည့်သည်။ မနက်ဖြန် မနက်ထွက်ရမယ့် ခရီးအတွက် ဆော့ဂျင်ပြင်ဆင်နေတာဖြစ်သည်။

"အခုတော့ ရှေးအရမ်းကျသွားတော့ ဘိုးဘေးတွေပဲနေတော့တယ် ပြောရရင် အဲ့နေရာက ဟျောင်းတို့ ဘိုးဘေးတွေ တရားအားထုတ်တဲ့နေရာပေါ့"

"အဲ့လောက်တော့သိထားပါတယ် ဟျောင်းကလည်း ကျွန်တော်က ခရီးဝေးကိုမလေ့လာဘဲသွားမယ့်သူလား"

"ဟော သူပဲမေးပြီး ကဲပါလေ...ဂရုစိုက်သွားနော် ပတ်အွန်းဗြောလ် ကိုလည်း အနိုင်မကျင့်နဲ့"

"အွန်းပါ သွားတော့ "

‌နမ်ဂျွန်းဟျောင်းကို အတင်းအခန်းထဲကတွန်းလွှတ်ကာ ထွက်သွားစေသည်။ ပတ်အွန်း‌ဗြောလ်ဆိုတာ ပတ်ဂျီမင်းနဲ့ ဝမ်းကွဲတော်သူမို့ ငယ်ငယ်က ကစားဖော်၊ကစားဖက်ဖြစ်ခဲ့သူ။ ယခုတွင်တော့ မသိတဲ့သူတွေဖြစ်သည်။ အခေါ်အပြောရှ်ိပေမယ့် ဂျွန်မျိုးနွယ်ကို ရူးနေသူမို့ မျက်စိဆံပင်မွှေး စူးနေသည်။

ဤခရီးကို ဦးဆောင်သူက ဂျွန်မျိုးနွယ်ဆိုတာကိုတော့ အိမ်ကသူတွေကို အသိမပေးဖြစ်ပါ။

လွယ်အိတ်ထဲကို ရိက္ခာအပြည့်အစုံ နဲ့ လိုအပ်မယ့်အရာတွေထည့်ပြီး နောက်နေ့မနက်ကို စိတ်လှုပ်ရှားစွာစောင့်နေမိသည်။

-🪽-

"ဒါက မြေပုံ ကားကတော့ ‌ကိုယိုတောင် အထိပဲမောင်းလို့ရမယ် အဲ့ကနေ တောင်ပေါ်တက်ပြီးကြည့်ရင် အရှေ့တောင်ဘက် ရီရှင်းတောင်ခြေကရွာပဲ မှောင်သွားရင်တော့ဆက်မသွားနဲ့ ကိုယိုတောင်မှာပဲနေ တစ်ညတော့ အိပ်ရလိမ့်မယ်"

We're not ROMEO and JULIET Where stories live. Discover now