🌼 - အဖြူရောင်ဒေစီတွေက မလိမ်တတ်ဘူးဆိုတာ၊လူလိမ်တွေပြောတဲ့စကားတဲ့......။
💫 - ချစ်တဲ့လူကိုလဲ မချစ်ခဲ့ဘူးလို့လိမ်ရင်ကျ၊ အချိုသာဆုံးသောမုသားစကားလေးတဲ့.....။
----------------------
"Seung Han"
"အင်း ပြောလေ "
လူကသာ ပြောလေလို့ခွန့်တုံ့ပြန်နေပေမယ့်၊တစ်ချက်လေးတောင် ငဲ့မကြည့်လာတဲ့ Seunghan အား Wonbin အချဥ်ပေါက်လာရတော့သည်။
"မင်း ငါပြောနေရင် သေချာလေးဂရုတစိုက်နားထောင်စမ်းပါ Hong SeungHan!!
"အင်း ပြော....အရေးတကြီး ဘာပြောစရာများရှိလို့လဲ!?
Wonbin လက်ညိုးငေါက်ငေါက်ထိုးကာ ပြောလာကာမှ SeungHan လက်ထဲက ဖုန်းအားစားပွဲပေါ်ချကာ ထရပ်လာသည်။
"မင်း ဘာလို့ဖွင့်မပြောခဲ့တာလဲ၊ မင်းနဲ့ စီနီယာRenjunနဲ့ တွဲခဲ့
ကြတာကိုလေ!!""အဟက် ၊ အဲ့ဒါလား။ မလိုအပ်ဘူးထင်လို့ မပြောခဲ့ရုံပဲလေဗျာ။အရေးတကြီးအရာလဲ ဟုတ်မနေခဲ့ဘူးလေ....။
"မင်း!!!"
"ဘာလဲ!!! ခဗျားက ဘာတွေများ ထပ်လိုချင်သေးတာလဲ Park Wonbin !! ခဗျားကြောင့် ကျွန်တော့်အိမ်မက်တွေ ဘယ်လောက်ဆုံးရှုံးသွားပြီး ဘဝပျက်ခဲ့ရရဲ့ သိရဲ့လား!? ဟမ်။
"......."!
!!ဒုန်း!!
"စောက်ကျက်သရေမရှိတာတွေ!!
SeungHan မှာ ဆိုဖာအားဆောင့်ကန်ခဲ့ကာ၊ဒေါသတရှူးရှူးဖြင့် ထွက်ခွာသွားတော်သည်။ကျန်နေခဲ့သည့် Wonbin မှာတော့ မျက်ဝန်းအိမ်ထဲ မျက်ရည်တို့ အပြည့်။
Wonbin ကားသော့အားယူကာ၊ ကုမ္ပဏီ ဆီထွက်ခွာလာခဲ့သည်။မနက်အစောက ဆွန်းဟန်နှင့်သူ၏ ရန်ပွဲ မှာ အချိန်ကာလ4လပင် ကြာသည်ထိ၊မပျောက်ကွယ်သွား။Wonbin
ကုမဏီ သို့ရောက်သည်နှင့် သူ၏ကိုယ်ပိုင်ရုံးထဲ မဝင်ခင်၊အတွင်းရေးမှူး ကင်မ်အား ကော်ဖီယူလာပေးရန်မှာလိုက်သည်။ စာရင်းတွေကြား ဝန်ဘင်းခေါင်းစိုက်နေတုန်း တံခါးခေါက်သံနှင့်အတူ ကော်ဖီခွက်အား ကိုင်ကာ Do young ဝင်လာလေသည်။"Wonbin ...ကော်ဖီက မင်းနဲ့မတည့်ဘူးဆိုတာ မင်းမေ့နေမယ်လို့ တော့ အကိုမထင်ဘူး!"