**
*
"! ဒုန်း !"
" ပတ်ခ်ဝန်ဘင်း!!!!
အခန်းတံခါးအား ဆောင့်ကန်လိုက်တာကြောင့် ၊ တံခါးရွက်က တစ်ဖက်နံရံကို ထိခတ်ကာအသံ
ကျယ်လောင်စွာ မြည်လို့လာသည်။အိပ်နေတုန်း အသံကျယ်လောင်စွာ ကြားလိုက်ကသည်မို့ ဝန်ဘင်း လန့်ကာ ထပင်ထိုင်မိသည်။" SeungHan...မင်း လုပ်တာနဲ့ ငါ လန့်သေတော့မှာပဲ ...အဟွတ်!
Seunghan ခြေလှမ်းကျဲတွေဖြင့် ကုတင်ဆီလျှောက်သွားလိုက်
ကာ ၊ Wonbin အား ကုတင်ပေါ်က ဆွဲချလိုက်သည်။"အာ့!!
ရုတ်တရက်မို့ wonbin ရှောင်ခ်ျန်မရလိုက်ဘဲ ၊ ကြမ်းပြင်ပေါ် လက်ထောက်ကာ ပြုတ်ကျတာမို့ ညာလက်ကောက်ဝတ် နာကျင်သွားရသည်။ သို့ပေမယ့် SeungHanမှာ ထိုအခြေအနေအား ဂရုမစိုက်စွာ ပြောလာသည်။
"ခဗျား ဘာ ကိစ ကျွန်တော့် ကျောင်းကိစတွေမှာ ဝင်ပါနေရတာလဲ!? ခဗျားကို နေရာတကာ ဝင်မပါဖို့ သတိမပေးခဲ့ဘူးလား!? ဟမ်!!
"ငါက ဘာလုပ်နေလို့လဲ!?
ဝန်ဘင်း ဘာအမှားမှမလုပ်ထားပေ။ ခုရက်ပိုင်း သူနေလို့မကောင်းတာကြောင့် ကုမဏီဆီလဲ မသွားနိုင်သလို ၊ အိပ်ယာထဲပဲ လှဲနေခဲ့သည်။ဤသည်ကို Seunghan က ဘာတွေလာစွပ်စွဲနေသလဲ သူလုံးဝမသိ။
"အဟက်!! ခဗျားက ရုပ်လေးလှတာနဲ့ပဲ တစ်လောကလုံးက ခဗျားကို ယုံပေးမယ်လို့ အပိုင်တွက်ထားပုံပဲနော်!!"
"ခဏ....ခဏလေး...ငါ မေးတာဖြေပေး...!"
Wonbin နာကျင်နေသည့်သည့် လက်ကောက်ဝတ်အား ၊ကျန် လက်တစ်ဖက်ဖြင့် ဖိအုပ်ကာ ထရပ်ပြီး Seunghanနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ကဲ..ပြော....မင်း ပြောနေတာက ဘာအကြောင်းအရာများလဲ!?
"ကောင်းပြီလေ....မသိချင်ယောင်ဆောင်နေတဲ့လူကိုလဲ ပြန်အမှတ်ရသွားအောင် ပြောပြရတာပေါ့..."
"........"
" ဘာကိစ ကျွန်တော် ကျောင်းပုံမှန်မတတ်တဲ့ကိစ အိမ်က ဘွားတော်ဆီ အကြောင်းပို့ရတာလဲ!?
ခဗျားကို အစထဲက ပြောပြီးသား ၊ လာထိန်းချုပ်ဖို့ မတွေးနဲ့လို့!!!