ep (20)

183 17 14
                                    


ဆူဘင်းသည် ကားတံခါးကိုမှီကာ အသက်ရှုသံမှန်မှန်နှင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောယောန်ဂျွန်းကို ကြည့်နေသည်။

'' ဟင်း ပြောတော့ကိုယ်အိပ်တာထိုင်ကြည့််မယ်ဆို ဟင်း အိပ်နေလိုက်တာများကုလားသေကုလားမျှော''

ပါးစပ်ကသာဆူပူနေတာဆူဘင်းမျက်နှာထက်အပြုံးလေးတွေဝေလို့။

'' ဘာအိမ်မက်တွေမက်​နေလဲ ကိုယ့်ကလေးလေးရေ မင်းအိမ်မက်ထဲလာချင်လိုက်တာကွာ''

ယောန်ဂျွန်း၏ပါးလေးတွေကိုခပ်ဖွဖွပွတ်သပ်သည်။

'' ကိုယ့်ယောန်ယောန်လေးကြောင့်ကိုယ်​ကောင်းကောင်းအိပ်ပျော်တယ် အိမ်မက်လည်းကောင်းတယ် နွေးထွေးတယ် ဟင်းကိုယ်အခုအားတွေပြည့်သွားပြီကိုယ်အရာအားလူံးကိုရင်ဆိုင်တော့မယ် ဟင်း ''

ေယာန်ယောန်လေးအတွက်ဘဲ ဖြစ်ဖြစ် ကိုယ်အရာအားလူံးကိုအားတင်းထားမှာပါ။

ကျော်ဖြတ်မှာပါ။ တစ်ခုဘဲ ယောန်ယောန်လေးက ကိုယ့်ရဲ့အနားရှိနေပေးရမယ်နော်။

'' ဟငိး ချစ်တယ် ကိုယ်ရဲ့ယောန်ယောန်လေး အရမ်းချစ်တယ်''
.
.
.
.
.
.
ဒေါက်တာရှင်းသည်ဆူဘင်းနှင့်လာတွေ့သည်။

'ဘယ်လိုဆက်လုပ်မှာလဲ ချွဲဆူဘင်း မင်းအခုဟာအွန်းနီးကိုဆက်ပြီးစောင့်ရှောက်ဖိူ့အင်အားရှိသေးရဲ့လား '

ဆူဘင်း၏ မျက်နှာချင်းဆိုင်တွင်ထိုင်နေသောဒေါက်တာရှင်းသည်ဆူဘင်းက်ုအားမလိုအားမရဖြစ်နေသည့်မျက်ဝန်းတွေနှင့်ပြော၏

'ဘယ်အချိန်ထိ ဟာအွန်းနီးကို ပိတ်လှောင်ထားမှာလဲ ဟာအွန်းနီးရဲ့ကျန်းမာရေးအခြေအနေကအများကြီးကောငိးလာပြီ တစ်သက်လုံးပိတ်လှောင်ထားလို့မဖြစ်တာမင်းသိတယ်မလား ''

'' ဟုတ် သိပါတယ်''

'' ဘယ်အချိန်ထိမင်းရဲ့ဦးလေး ကို​ကြောက်နေမှာလဲ ဟာအွန်းနီးကိုကောဘယ်အချိန်ထိပိတ်လှောင်ထားမှာလဲ ''

'' .....''

'' ဟမ် ချွဲဆူဘင်း မင်း​ယောကျ်ားမဟုတ်ဘူးလား သတ္တိမရှိဘူးလား ဟမ်''

Sweetie Candy(complete)Where stories live. Discover now