Part 6

58 9 0
                                    

JungHwan DoYoungကိုခေါ်ကာ သူ့ကိုယ်ပိုင်တိုက်ခန်းဆီသာမောင်းလာလိုက်သည်။
စားသောက်ဆိုင်တို့ ဘာတို့ခေါ်သွားဖို့ကျတော့လဲ DoYoungလိုနာမည်ကြီးတစ်ယောက်အတွက်အဆင်မပြေနိုင်တာမို့။
JungHwan တံခါးကို password နှိပ်ကာ ဖွင့်ဝင်လိုက်တော့ DoYoungကအနောက်ကပါလာသည်။

''DoYoung..ခနထိုင်နေအုံးနော် ငါမင်းသောက်ဖို့ အအေးသွားယူပေးမယ်"DoYoung ခေါင်းငြှိမ့်ပြလိုက်တော့ JungHwan မီးဖိုခန်းထဲဝင်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာCoke တစ်ဘူးပါလာသည်။

"ဒီမှာ...DoYoung သောက်လိုက်အုံး"
JungHwan DoYoung ဘေးဝင်ထိုင်ကာ အအေးဘူးအားပေးလိုက်သည်။

''အင်း...ဒါနဲ့ ကိုယ့်ကို CEO Soဘာပြောစရာရှိလို့လဲ"

''အဲ့ဒါက..ဟို....''JungHwan ချက်ချင်းထိုင်နေရာမှ အောက်ဆင်းကာ DoYoung ရှေ့ဒူးထောက်ချလိုက်ကာမျက်နှာပါငုံ့ထားမိသည်။

"ဘာလုပ်တာလဲ CEO So ထပါ.. "DoYoung ဒူးထောက်နေတဲ့ JungHwanကိုလက်မောင်းကနေဆွဲထူပေမဲ့ မရ။

"ကိုယ်Youngအပေါ်မှာ အရင်ကပြုမူပြောဆိုမိခဲ့တာတွေအတွက် တောင်းပန်ချင်လို့ပါ
ကျေးဇူးပြုပြီး ကိုယ့်ကိုခွင့်လွှတ်ပေးပါ ကိုယ်အဲ့တုန်းက ငယ်ရွယ်သေးတော့ ကိုယ်ဘာကိုမှသေချာနားမလည်ခဲ့သေးလို့ပါ တောင်းပန်ပါတယ် Young...
ပြီးတော့ ကိုယ်..ကိုယ် Youngကိုချစ်တယ်
ကိုယ်ဒီစကားကိုပြောတာ ကိုယ့်စိတ်ရင်းအမှန်ပါ ကိုယ်မင်းကိုတကယ်ချစ်တာပါ"

''ဘာလို့လဲ So JungHwan.. မင်းမျက်လုံးထဲမှာ ငါကသိပ်ကိုလွယ်နေသလား.. "အေးစက်စက်လေသံနဲ့မေးလာတဲ့ Youngကို JungHwanမော့ကြည့်မိတော့
Youngရဲ့ အေးစက်နေတဲ့ မျက်ဝန်းအစုံနဲ့ဆုံသည်။

"မဟုတ်ပါဘူး... ကိုယ်တကယ်ချစ်တာပါ
ကိုယ့်အမှားတွေအတွက်လဲ တကယ်ကို နောင်တရနေပါပြီ ကျေးဇူးပြုပြီးကိုယ့်ကိုခွင့်လွှတ်ပေးပါ"

"အဟက်!.ငါကမင်းနဲ့မှမတန်တာ JungHwanရဲ့
မင်းပဲပြောခဲ့တာလေ ငါ့လိုဝက်ရုပ်ဆိုးက မင်းလိုပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကိုမှန်းနေတာ မရှက်ဘူးလားဆို!...
ပြီးတော့ မင်းကငါ့လိုစောက်ခြောက်မဟုတ်ဘူးလို့ မင်းကိုယ်တိုင် ငါ့ကိုလူကြားထဲမှာပြောခဲ့တာလေ မင်းမေ့နေတာလား ဟမ်?''JungHwan ဘာတစ်ခွန်းမှပြန်မပြောနိုင်ခဲ့။
ဘာလို့ဆို Youngပြောနေတာတွေက သူတကယ်လဲYoungအပေါ်ပြုမူမိခဲ့တာတွေပဲမို့။

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now