Unicode
ဒီနေ့ကတော့ သံချောင်းခေါက်သံကြောင့်
တစ်ရွာလုံး သူကြီးရဲ့အိမ်မှာ စုဝေးနေကြခြင်း
တစ်နည်းအားဖြင့် ဖေဖေ့ရဲ့အိမ် ဟုတ်ပါတယ်
စမ်းရေရဲ့ ဖေဖေ သူ့ရဲ့ဖေဖေ" သူကြီးကျုပ်တို့ကို ဘာလို့ခေါ်တာတုန်းတော် "
" ဟုတ်ပါ့သူကြီးရေ ပြောစရာရှိတာ မြန်မြန်ပြောတော့်
အားတာမဟုတ်ဘူး "" ကဲကဲ အားလုံးတိတ်ကြ တစ်ယောက်တစ်ပေါက်နဲ့ "
" ဒီနေ့အားလုံးကိုခေါ်လိုက်တာက ရွာမှာ
စာသင်ကျောင်းမရှိဘူးလေ အခုအထက်က ကျောင်း
ဆောက်ဖို့ ဘက်ဂျက်ချပေးလိုက်ပြီ "" ဒါဆိုသတင်းကောင်းပေါ့တော့် "
" ဆုံးအောင်နားထောင်ကြပါအုံး ဘက်ဂျက်က
မလောက်ဘူး ဒါမို့ ဆောက်တဲ့နေရာမှာ တစ်ရွာလုံး
ဝိုင်းပြီး လုပ်အားပေးစေချင်လို့ပါ "" အော်ဒါများ ပေးရမှာပေါ့ဗျာ ကျုပ်တို့သားသမီးတွေ
စာသင်ဖို့အတွက်ပဲ မနက်နဲ့နေ့လည် အလုပ်သွားပြီး
ညနေကျ ဝိုင်းလုပ်အားပေးတာပေါ့ "" ဟုတ်တယ် ကိုအောင်မောင်းပြောတာထောက်ခံတယ်
အကုန်လုံး အတွက်လဲ အဆင်ပြေတာပေါ့ "" ဟုတ်တယ် "
တစ်ရွာလုံးက အားတက်သရော ထောက်ခံကြသည်မို့
" ကဲကဲ အခုလိုမျိုး အကုန်တက်တက်ကြွကြွ
ပါဝင်ပေးကြလို့ ကျေးဇူးပါဗျာ "
" ဒါနဲ့ သမီးအေးမြရိပ် "" ရှင် အဖေ အဲမှားလို့ ဟုတ်ကဲ့ပါသူကြီး "
ဘယ်လိုပဲယောက္ခမဟုဆိုဆို ရွာသူရွာသားတွေရှေ့မို့
လေးစားသမှု့နဲ့ သူကြီးဟုသာခေါ်လိုက်သည်" သမီးကိုလဲအကူအညီတစ်ခုတောင်းချင်ပါတယ်
ကျောင်းဆောက်လို့ပြီးသွားရင် သမီးကပဲ
ကလေးတွေကို စာပြပေးစေချင်ပါတယ် "" ကျွန်တော် ခွင့်မပြုဘူး အဖေ "
" ဟေ ကောင်းတဲ့ ကိစ္စကို မင်းကဘာကိစ္စ
ခွင့်မပြုရတာတုန်းကွ "
" ဒီရွာမှာလဲ မြို့ကနေဘွဲ့ရလာတာ သမီးရယ် မင်းရယ်
ရတီလင်း၊ နံ့သာဖြူနဲ့၊ ထင်ကျော်တို့ညီကိုပဲ ရှိတာကွ
ရတီတို့ နံသာတို့ကလဲ သူတို့မိဘတွေ အလုပ်ကို
ဦးစီးပေးနေရတာ ဟိုနှစ်ကောင်ကလဲ တစ်နေကုန်မူး
မင်းကလဲ သင်မဲ့သူမဟုတ် ဒါမို့ သမီးအေးမြကို
အကူအညီတောင်းတာပါကွ "
YOU ARE READING
စမ်းချောင်းကလေးရဲ့ ဘေးမှာ အေးမြသည်
Romanceတွေ့တိုင်း စကားနိုင်လုနေတဲ့ ကောင်လေးနဲ့ကောင်မလေးရဲ့ သာမာန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်