ရားးးးးးးးကင်မ်ဂယူဗင်းဌာနမှူးရှန်းချွမ်ရွေ့ရဲ့အသံနက်ကြီးကြောင့်တစ်ရုံးလုံးလန့်သွားလေရဲ့။ချွမ်ရွေ့ဌာနရှိလူတွေကတော့သိလိုက်ပါပြီဆိုတဲ့အကြည့်နဲ့သာတစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းစကားပြောကာခေါင်းရမ်းနေကြတယ်။
"ငါ့စားပွဲပေါ်ကရေခဲမုန့်တွေခုလာရှင်းပေး"
ဂယူဗင်းတို့ပြာတိပြာယာနဲ့ဌာနမှူးစားပွဲပေါ်စာရင်းစာရွက်တွေတင်ရင်းကန်တင်းကနေဆွဲလာတဲ့သရက်သီးရေခဲမုန့်တွေမကုန်တာနဲ့ခွက်ကိုပါးစပ်နဲ့ကိုက်ရင်းဌာနမှူးစားပွဲရှေ့အရောက်
မှောက်ကျတာဖြစ်သည်။
"လာပါပြီ ဌာနမှူးရှန်"
ဂယူဗင်းတို့လုပ်လိုက်ရင်အဲ့တိုင်းချည်း ဟိုတစ်ခါကလည်း ရှန်းချွမ်ရွေ့အရဲစွန့်ပြီးဝတ်လာတဲ့
Leopard shirtပေါ် chocolate milkshakeတွေဖိတ်ကျတာ အိမ်ယူသွားပြီးလျှော်ပေးမယ်ဆိုပြီးနောက်နေ့ပြန်ပါလာတော့တစ်ခါဘဲဝတ်ရသေးတဲ့ shirt လေးခမျာမီးပူရာကြီးက ချစ်သက်
လက်ဆောင်ကလေးအလား။
ကင်မ်ဂယူတို့ကတော့တဟီးဟီးနဲ့သူ့အပြစ်သူဖို့ရှာတာပေါ့။ချွမ်ရွေ့ကတော့နေရာမှာတင်အမှုန့်ကြိတ်ချင်ပေမဲ့ cool guy imageကြီးထိန်းနေရသေးတာရုံးမှာမို့။
"ပြောင်အောင်သုတ်စမ်း ဂယူဗင်း မင်းလုပ်လိုက်ရင်ပြာတိပြာယာနဲဲ့ တကယ့်ပြာကလပ်စိန်"
ဂယူဗင်းစိတ်ထဲတွင်ဒီတရုတ်ဌာနမှူးအား မကျေနပ်သော်လည်းမပြောရဲ သူ့အမှားဆိုတော့ရှိစေတော့လေ။ဒီလိုနဲ့ဂယူဗင်းလည်းတဟီးဟီးနဲ့မျက်နှာချိုသွေးကာခုံကိုသာသုတ်နေလိုက်တော့
သည်။တရုတ်စိတ်တိုဌာနမှူးကတော့အံတကြိတ်ကြိတ်ရယ်။သူတို့ဌာနကလူတွေကတော့
သူတို့နှစ်ယောက်၏မတည့်အတူနေအကြောင်းကိုသိသည့်အလားခေါင်းတစ်ခါခါ။
ဌာနကလူတွေကသူတို့အတွဲကိုနာမည်လည်းပေးထားသေးတယ်။ဦးစိတ်တိုနဲ့မျောက်ညိုတဲ့။
သူတို့ငယ်ငယ်ကကြည့်ခဲ့ရတဲ့ကာတွန်းထဲကကာရိုက်တာလေးတွေလိုနှစ်ယောက်ကြောင့်
ချစ်စနိုးနဲ့ပေးထားကြခြင်းသာဖြစ်သည်။
"ကင်မ်ဂယူဗင်းပြီးရင်ငါ့နောက်လိုက်ခဲ့"
သွားပြီးဂယူဗင်းဘဝကြီးသွားပြီဖေဖေကယ်ပါမေမေကယ်ပါ။
'ဖေဖေတို့မေမေတို့ရဲ့ဒီကသားသားလေးကိုတရုတ်စိတ်တိုကဆူတော့မယ်ဗျ'
ဌာနကလူတွေကတော့ဂယူဗင်းကိုစိတ်ထဲကသာဆုတောင်းပေးလိုက်ကြတယ်။ဘယ်တတ်နိုင်မလဲဦးစိတ်တိုနဲ့မှသွား သွားငြိနေတာကိုး။
ဌာနကဝန်ထမ်းတွေသုံးရန်ပြုလုပ်ပေးထားတဲ့kitchenetteလေးတွင်ဖြစ်သည်။
ချွမ်ရွေ့တံခါးလေးကိုပိတ်လိုက်သည်။
"ဂယူဗင်း မင်းကိုငါပြောရပေါင်းလည်းမနည်းတော့ဘူးအလုပ်လုပ်ရင်ပြာတိပြာယာတွေ
မလုပ်ပါနဲ့ဆိုငါကမင်းအတွက်ပြောနေတာဂယူဗင်းရဲ့ တစ်ချိန်ချိန်မှာရှန်ချွမ်ရွေ့ပြောတာ
အမှန်တွေပါလားဆိုပြီး မင်းနားလည်မှာပါ ငါကတော့မင်းကိုခွင့်လွှတ်တယ် ဂယူဗင်း ဒါမဲ့ငါသာမဟုတ်ဘဲတခြားသူဆိုမင်းကိုခွင့်လွှတ်ပါ့မလား" စသည်စသည်ဖြင့်ရှန်ချွမ်ရွေ့ဟာအမေတို့ရဲ့
လက်သုံးစကားကြီးတွေကိုပြောပါတော့သည်။ဂယူဗင်းခမျာခေါင်းလေးတညိတ်ညိတ်နဲ့နားထောင်နေရရှာတယ်။တစ်နာရီလောက်ဩဝါဒခြွေပြီးတော့ရှန်ချွမ်ရွေ့လည်းမောသွားသလို
ကင်မ်ဂယူဗင်းခမျာလည်းသက်ပြင်းခိုးချရသေးသည်။ပြီးတော့အလိုက်တသိလေး
ရေတစ်ခွက်အပြေးခပ်တိုက်ရသေး။
'ခင်ဗျားတို့ကတော့ထင်မှာပေါ့တရောင်ကုတ်လေးကိုကြောက်တယ်ပေါ့ တကယ်တော့
ရှန်းချွမ်ရွေ့ဆောင်အိုအောင်မဆင်းရဲတာခင်ဗျားတို့မှမသိဘဲ'
"ကျေးဇူး ဂယူဗင်း မင်းကတော့ငါ့ကိုမောအောင်လုပ်ပြီးရေလာပေးတယ် တကယ့်အမောပေး
လိုက်ရေပေးလိုက်ကောင်"
"ဟီးဟီး ဌာနမှူးရယ် ကျွန်တော်ကလေဌာနမှူးကိုမပင်ပန်းစေချင်ပါဘူး အဲ့တာကြောင့်ဌာနမှူး
ရဲ့အလုပ်တွေကူပေးတာပေါ့ ဒါပေမဲ့သိတဲ့အတိုင်းကျွန်တော်ကနည်းနည်း ပြာတိပြာယာနိုင်တော့နှစ်ခါမောဖြစ်တာပေါ့"
"အေးပါ အေးပါ"
ချွမ်ရွေ့ကတော့ဒီပြာကလပ်စိန်လေးကိုစေတနာနဲ့ဩဝါဒတွေခြွေနေပေမဲ့သူကတော့
ပြောင်စပ်စပ်နဲ့ရယ် ဒီကိုပြာယာ့ကိုချွမ်ရွေ့ကလွဲပြီးဘယ်သူသည်းခံနိုင်မတဲ့လဲ။ကိုယ်ကတော့
သူ့ကိုချစ်တဲ့မျက်လုံးလေးနဲ့ကြည့်တော့ တလွဲတွေလုပ်နေသည့်တိုင်အခုလိုတွေခွင့်လွှတ်နိုင်တာ။ဟုတ်ပါတယ် ချွမ်ရွေ့ဒီကလေးကိုသဘောကျနေတာသူလေးစပြောင်းလာထဲက။
YOU ARE READING
ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့
Fanfiction၁၀စက္ကန့်ဆိုတဲ့အချိန်လေးကရှန်းချွမ်ရွေ့အတွက်တော့လူတစ်ယောက်ကိုတစ်ဘဝလုံးချစ်မြတ်နိုးပြီးကြင်နာဖို့လုံလောက်ပါတယ်တဲ့