Chapter-1

10.9K 88 3
                                    

Chapter - 1

သန်းခေါင်ယံညနက်မှောင်နေချိန်

ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာဖို့ လင်းကျီယာ တစ်ယောက် စွန့်ပစ်ထားတဲ့ ဗီလာဆီ ရွေးချယ်စရာမရှိဘဲ ပြန်လာခဲ့ရသည်။

"သေလိုက်စမ်း.. ဒီကိုလာရမယ်လို့ ငါသာသိခဲ့ရင် ရှောင်မေ့ကိုရော အခြားသူတွေကိုရော သူတို့ရဲ့ တုံးအလှတဲ့ အိုင်ဒီယာတွေနဲ့ သရဲခြောက်တဲ့အိမ်ကို စွန့်စားဖို့ ငါသဘောမတူခဲ့သင့်ဘူး။ ဒီလိုအရာမျိုးက ကမ္ဘာပေါ်မှာ ရှိမှ မရှိဘဲ!"

လင်းကျီယာတစ်ယောက် သူ့ကိုယ်သူပဲ အားပေးနေသလား ဒါမှမဟုတ် တကယ်ပဲ  သရဲတွေ မရှိဘူးလို့ ယုံကြည်နေသလားပဲ။

ဘယ်လိုပဲဖြစ်ဖြစ် လင်းကျီယာတစ်ယောက်မှာ နည်းလမ်းကျတဲ့ ပြင်းပြင်းထန်ထန်အာရုံခံမှုရှိသည် ။ ထို့နောက် ကုန်စုံဆိုင်က ဝယ်လာတဲ့ ဓာတ်မီးကိုဖွင့်ကာ စွန့်ပစ်ထားတဲ့ ဗီလာထဲကို တစ်လှမ်းပြီးတစ်လှမ်း ဝင်ချသွားသည်။

ရှောင်မေ့နဲ့ အခြားသူတွေနဲ့တူတူ စူစမ်းရှာဖွေဖို့ဝင်သွားခဲ့တုန်းက လမ်းတွေကို ပြန်စဉ်းစားလိုက်ကာ ထိုလမ်းအတိုင်း လျှောက်သွားလိုက်သည်။

{~~~~~~~}

"ဟမ်... အဲ့တာဘာအသံပါလိမ့်! လေလား? ဒါမှမဟုတ်......"

လင်းကျီယာတစ်ယောက် အကြောက်ကင်းမဲစွာပဲ အသံလာရာကို ရှာဖွေလိုက်သည်။

"......အဲ့တာ ငါ့ဖုန်းမဟုတ်ဘူးလား?"

ရင်ထဲပျော်ရွှင်သွားရကာ လင်းကျီယာ ခြေလှမ်းကြီးတွေနဲ့ ပြေးသွားခဲ့ရကာ ထောင့်ချိုးကို ကွေ့ရင်း တစ်ယောက်ယောက်ရဲ့ အခန်းဖြစ်ပုံရမဲ့ အခန်းထဲကို ပြေးဝင်သွားလိုက်သည်။

"ထူးဆန်းလိုက်တာ... ငါ့ဖုန်းသံကို ရှင်းရှင်းလင်းလင်းကြီးကြားလိုက်ပါတယ်"

အဲ့ဒီ့အချိန်မှာပဲ ရင်းနှီးနေတဲ့ အသံက ထက်ထွက်လာသည်။

"ဟာ့... ဆိုတော့ အဲ့တာက ဒီမှာကိုး"

နံရံပေါ်မှာ ရှိတဲ့ အပေါက်ကနေ ကြည့်လိုက်ရင် အပြင်ဘက်က မြက်ပင်ပေါ်မှာ ကျနေတဲ့ သူ့ဖုန်းကို မြင်ရလေသည်။

You've reached the end of published parts.

⏰ Last updated: Dec 09, 2023 ⏰

Add this story to your Library to get notified about new parts!

Stuck in WallWhere stories live. Discover now