My Marriage Life With My Fathers in Law

344 17 0
                                    

*TiTiTiTi..TiTiTiTi *
Phone Alarmမြည်သံတစ်ခုက တိတ်ဆိတ်နေတဲ့ အခန်းလေးထဲရုတ်တရက်ပေါ်ထွက်လာခဲ့လေသည်။

ထိုအသံကြောင့်အိပ်ခန်းရဲ့ နှစ်ယောက်အိပ်ကုတင်ထက် ဖက်ထားလျက်သား အိပ်မောကျနေတဲ့ အမျိုးသားနှစ်ဦးထဲကတစ်ယောက်မှာ မျက်ခုံးတွေကျုံ့ကာ အသံလာရာ ခေါင်းရင်းကုတင်ဘောင်ပေါ်က ဖုန်းကိုယူကာ alarmကိုပိတ်ချပစ်လိုက်သည်။
ပြီးမှ မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ရင်း ရင်ခွင်ထဲကလူကိုတစ်ချက်ကြည့်လိုက်တော့ အိပ်ပျော်နေဆဲ....

JungHwan မိမိရင်ခွင်ထဲ အိပ်စက်နေတဲ့ Youngကိုကြည့်ရင်းပြုံးမိသွားသည်။
Youngက အိပ်နေတာတောင် ချစ်ဖို့ကောင်းနေလို့လေ။
ဒီလူသားလေးက သူ့ထက်၂နှစ်ကြီးတယ်ဆိုတာယုံဖွယ်ရာမရှိ။
သူ့နာမည်အပြည့်အစုံက So JungHwan.. So Groupရဲ့တစ်ဦးတည်းသောသား
ရင်ခွင်ထဲကအလှလေးကတော့ JungHwan ရဲ့ချစ်ခင်ပွန်းလေး Park DoYoung...အဲ..အခုတော့ So DoYoung ပေါ့။

JungHwan Youngကိုငေးနေစဥ် လှုပ်စိစိဖြစ်လာတဲ့Doက နိုးလာပုံရသည်။
မျက်လုံးတွေကို ပွတ်ဖို့လက်လှမ်းနေတဲ့ Youngရဲ့လက်လေးကို JungHwan ကိုင်လိုက်တော့ Youngကမျက်လုံးလေးတစ်ဖက်ဖွင့်ကြည့်သည်။

"နိုးပြီလား Young?"

''အင်း...ဘယ်ကတည်းကနိုးနေတာလဲ မောင်က"

"မောင်လဲခုနကမှနိုးတာ Alarmပိတ်ရင်းနဲ့မှ.."

"ဪ..အင်း နိုးပြီဆိုတော့ ထရအောင်လေ "

"နေပါအုံး.. Young ရယ် ဒီနေ့ကSunday အလုပ်ပိတ်ရက်လေကွာ"

"အင်းလေ..အဲ့တော့ဘာဖြစ်လို့လဲ"

"အဲ့တော့ မောင်တို့ဒီတိုင်းလေးပဲခနလောက်ဆက်နေရအောင်ကွာ.. နော်
အရင်ရက်တွေက Youngအနားမှာသိပ်မှမနေရတာ ဒီနေ့ပိတ်ရက်လေးတော့ Young နဲ့အေးဆေးနေချင်တယ်"

"မောင်ကလဲ..၇နာရီတောငျကြောျနပွေီလကှော..
PaPaတို့ မနက်စာစားဖု့ိစောင့်နေလိမ့်မယ် ထပါ .."

"ဟင့်အင်း..မထချင်သေးဘူး.."JungHwan တစ်ယောက် DoYoung ခါးကိုဖက်ထားကာ ကလေးတွေလိုမျိုးဂျီကျနေသည်။

*Knock Knock *
DoYoung မောင့်ကိုဘာမှပြန်မပြောနိုင်ခင်မှာပဲ အခန်းတံခါးခေါက်သံကြားလိုက်ရသည်။
ထို့နောက် Appaဆီက အသံနဲ့အတူ တံခါးခေါက်သံကိုထပ်ကြားလိုက်ရသည်။

My Marriage Life With My Fathers In Law(One Short)Where stories live. Discover now