အဆင့်မြင့် Alpha ၏ အေးစ်ိမ့်သော နှင်းခဲရနံ့သည် အိမ်အတွင်းပိုင်းတွင် ပျံ့နှံ့လျှက်ရှိသည်။
" အဆင်သင့်ဖြစ်ပြီလား ဂျောင်ကုရေ"
"ဖြစ်ပြီ ဦးလေးကြီးရေ။ကျွန်တော် ရေဘူးထည့်နေတာပါ"
"အမယ်လေးကွာ ရေများ လမ်းမှာဝယ်သောက်လဲရနေတာကို ။ မင်းကတော့ သခင်လေးနဲ့ တွေ့တော့မှာ မြင်ယောင်နေတယ်။"
ရေဘူးကို သေချာပိတ်၍ သူ့ကျောပ်ိုးအိတ်လေးထဲ ထည့်လိုက်ရင်း ဦးလေးကြီးကို မော့ကြည့်မိကာ...
"သခင်လေးက မောက်မာတာလား ဦးလေးကြီး။ အဲလိုဆိုရင်တော့ ကျွန်တော်နဲ့က ဖြစ်မှာမဟုတ်ဘူး။ ကျွန်တော်ဆိုတဲ့ကောင်ကလဲ အဖေ့မျက်နှာကြောင့်သာ ဒီတာဝန်ကို လက်ခံပေးခဲ့တာဗျ။ဘယ်သူ့အကြောမှ ခံချင်သူမဟုတ်ဘူး"
ဦးလေးကြီးက အဝတ်အစားအိတ်ကိုဆွဲမပေးရင်း သူ့လက်မောင်းကို ဖွဖွ ထိုးသည်။
"အေးပါကွာ။ ကဲ လာ လာ မြို့တော်အဝင်က်ို မှောင်ရင်မကောင်းဘူး"
သူ၏ အိမ်ကို သော့ခတ်ကာ တချက်မျှ လှည့်ကြည့်ပီး ဦးလေးကြီးနောက် လိုက်လာခဲ့ပါတော့သည်။နောက်ဘယ်နလကြာမှ နယ်က အိမ်လေးကို ပြန်လာဖြစ်မလဲ မသိတာကြောင့် အိမ်ကိုသော့ခတ်ကာ ပိတ်ထားခဲ့တော့သည်။
ဂျောင်ကုသည် အသက် ၂၅နှစ်ရှိပြီဖြစ်ပြီး ဖခင်ကြီးဆုံးပါးပြီးနောက် တစ်ယောက်ထဲ ရှာဖွေစားသောက်နေထိုင်သူဖြစ်၏။မြို့တော်ဆိုးလ်မှာနေထိုင်သူ အဖေ့၏ ညီ ဂျောင်ကု၏ ဦးလေးလာမခေါ် ခင်အထိ ဂျောင်ကုဟာ သူ့အိမ်ကို စွန့်ခွါရန် စိတ်ကူးနည်းနည်းတောင်မရှိပါ။
သူသည် အဆင့်မြင့် Alpha ဖြစ်ပေမယ့် ထင်ထင်ပေါ်ပေါ်မနေဘဲ နယ်တွင် အေးအေးဆေးဆေး နေထိုင်ကာ ကိုယ့်အလုပ်ကိုယ်သာ လုပ်တတ်သည့်သူ ဖြစ်သည်။သို့သော် ယခုတွင်တော့ ဖခင်ကြီး၍ မသေခင် မှာကြားခဲ့သော ၊တောင်းဆိုခဲ့သော တောင်းဆိုချက်များအရ ဂျောင်ကုသည် မြို့တော်မှ သူဌေးကြီးတစ်ယောက်၏ အိမ်တွင် အမှုထမ်းရန် ဖြစ်လာပေ၏။သူဌေးကြီးထက် မာဖီးယားတစ်ယောက်ဆို ပိုမှန်ပေလိမ့်မယ်။မြို့တော်တွင် ထိုမာဖီးယားကြီး၏ နာမည်ကြားလျှင် ဖိန့်ဖိန့်တုန်အောင်ကြောက်တတ်ကြ၏။