Unicode
ထန်းရေဆိုင်တွင် ဆူညံမှုတစ်ခုရှိသည်။
သူကြီးသား လမင်းသာအေးကထိပ်ဆုံးက။သူ့သူငယ်ချင်း မြတ်သာတို့နဲ့ ထန်းရေသောက်နေရင်း တစ်ဖက်ရွာနဲ့ရန်ဖြစ်ကြသည်။
လမင်းသာအေးက ခပ်စွာစွာနဲ့ ဘယ်သူမှလည်းဆွဲမရကြ။
နောက်ဆုံးထိုးပွဲကြိတ်ပွဲဖြစ်ပြီးမှ ပြီးသွားကြသည်။
"ငါ့လီး။သူတို့ကိုသူတို့ စောက်ကြီးစောက်ကျယ်နဲ့ နတ်ကတော်များမှတ်နေလား"
လမင်းသာအေးကတော့ ထန်းရေလေးဝင်သွားတာနဲ့ထုံးစံအတိုင်း ဆူလာပြီ။
မြတ်သာမှာ လမင်းပါးစပ်ကို အချိန်မှီပိတ်လိုက်ရသည်။
ဒီကောင်ကပြောချင်ရင် ဘယ်သူ့မှကြည့်တာမဟုတ်။
"မင်းတိတ်တိတ်နေစမ်းပါကွာ။တော်ကြာ ဒေါ်သီအေးကြီးကြားမှ သူ့စီးပွားရေးဒုတ်နဲ့ထိုးတယ်ပြောနေပါအုံးမယ်"
"ဟမ့်။ငါကကြောက်ရမှာလား။ဒီမှာ ငါက ဟိုကောင်ထင်းခုတ်သမား သက်မောင်ကိုတောင်မကြောက်ဘူးနော်"
မြတ်သာကတော့ခေါင်းကြီးသွားကာ ပါးစပ်ကိုချက်ချင်းပိတ်လိုက်ရသည်။
အချိန်ကိုက်ကိုသက်မောင်ကလည်း သူတို့နားရောက်လာသည်။
ထို့နောက်မျက်လုံးစိမ်းကြီးနဲ့ကြည့်သွားပြီး စကားတစ်ခွန်းပြောကာထွက်သွား၏။
"မင်း မိန်းမဖြစ်လာမှ ငါ့ကိုလာမရှာနဲ့။သူကြီးသားစုတ်"
မြတ်သာကတော့သက်မောင်ကိုကြောက်ကာ လမင်းသာအေးကို အိမ်ကိုမြန်မြန်ခေါ်လာပြီး အိပ်ရာကိုပို့ရသည်။
လမင်းသာအေး အိမ်မက်ထဲသူမိန်းမဖြစ်သွားသည်ဟု မက်လိုက်သည်။
လန့်ဖြန့်ကာ အော်သံကျယ်ကြီးက မနက်ခင်းကိုသူကြီးအိမ်က ကြားရပြီ။
"ဟိုကောင်သာအေး ထရင်လည်း တိတ်တိတ်ထမှပေါ့ကွ။ မင့်ဟာက အော်ကြီးဟစ်ကျယ်နဲ့"
လမင်းသာအေးမှာ အဘကိုမပြောအားသေး။ သူ့ရင်ဘတ်တွေကို အရင်စမ်းလိုက်ရသည်။
YOU ARE READING
🧊Give me your pucci🧊
Random18နှစ်အပြာစာတွေရေးတာမို့ချင့်ချိန်ဖတ်ပါ။ Kpay wave 2000. Ch 5.